what is self-xss ?

self-xss ဆိုတာဘာလဲ?
ဆိုပါစို့ ကျွန်တော်တို့ website တစ်ခုမှာ xss ပေါက်တယ်ပေါ့။
ဥပမာပေါ့ forum တစ်ခုရဲ့ comment ပေးလို့ရတဲ့နေရာမှာ XSS ပေါက်ခဲ့ရင် အဲ့ဒီ XSS က stored-xss လို့ခေါ်တယ်ဗျ။
အလွယ်နည်းဆို database ထဲကိုသွားထည့်တဲ့နေရာ အဲ့ data ကို ဖျက်မပစ် မချင်းပေါက်နေမှာပဲ အဲ့လိုမျိုးကိုခေါ်တာပါ။
တော်တော်များများက stored-xss နဲ့ self xss ကိုမှားကြတယ်။
ခဏနေ self xss ဆိုတာဘာလည်းဆိုတာပြောမယ်နော်။
Stored-XSS ဘာလည်းဆိုတာကျွန်တော် ဥပမာပြပါ့မယ်။
၁လပိုင်းတုန်းက microsoft outlook mail မှာ ကျွန်တော် Stored-XSS ကို report လုပ်ခဲ့ပါတယ်။
microsoft က သူ့ရဲ့  bounty scope ကို mobile application တွေကို မပေးတဲ့အတွက် bounty မရခဲ့ဘူးပေါ့။
သူတို့ hall of fame မှာတော့ထည့်ပေးပါတယ်။
attacker က victim ကို mail လှမ်းပို့တာနဲ့ တကယ်လို့သာ victim က outlook သုံးထားတာနဲ့ ထိမှာပါ။ အဲ့လိုမျိုးကို Stored-XSS လို့ခေါ်ပါတယ်။
ဒါက Amazon drive share link မှာပေါက်တာပါ။ ပြင်သွားပါပြီ။
attacker က victim ကို အဲ့ဒီ link ကိုသွားပို့တာနဲ့ victim က၀င်ကြည့်တာနဲ့ အလုပ်လုပ်မှာပါ။
အဲ Reflected-xss ကျတော့ ကျွန်တော်တို့ ဆီကို victim ၀င်ကြည့်ရုံနဲ့ မရတော့ဘူး။
ကျွန်တော်တို့ က victim ကို email ကနေဖြစ်ဖြစ်လှမ်းပို့မှ javascript code ကို execute လုပ်နိုင်တယ်ပေါ့။
ကျွန်တော်တို့ GET request ရဲ့ parameter တစ်ခုမှာ XSS ပေါက်ခဲ့ရင် အဲ့ဒါကို reflected-xss လို့ခေါ်ပါတယ်။
တစ်ခါတစ်လေ POST request မှာလည်း reflected ဖြစ်နိုင်တာရှိပါတယ်။
ဥပမာ ဒီလိုမျိုးဆိုပါစို့ …..

https://example.com/index.php?search=’”><svg/onload=alert(document.domain)>
အဲ့လိုမျိုးကိုကျတော့ Reflected-XSS လို့ခေါ်ပါတယ်။
လာပြီဗျ Self-xss
hackerone ဖြစ်ဖြစ်တခြားနေရာဖြစ်ဖြစ် google ဖြစ်ဖြစ်ပေါ့ တစ်နေရာရာမှာ XSS တွေ့တယ်ပေါ့။ ဒါပေမယ့် အဲ့ဒီ XSS က ဘာမှလုပ်လို့မရဘူး။
ကျွန်တော့်တို့ register page တစ်ခုရှိတယ်ဗျာ အဲ့ဒီ register ရဲ့ name နေရာကနေ XSS ရတယ်ပဲထား အဲ့ဒီ XSS က ကိုယ်တစ်ယောက်ပဲကြည့်လို့ရတယ်။
သူ့ ကို share လုပ်လို့လည်းမရဘူး victim ကို invite လုပ်လို့လည်းမရဘူး အဲ့ဒီလိုမျိုး ဟာကို တော့ Self-XSS လို့ခေါ်ပါတယ်။
ဘယ် website မှာပဲ report လုပ်လုပ် အဲ့လို bug မျိုးကို ဘယ် owner ကမှမပေးပါဘူး။ ဟာ ငါ Stored-XSS ကြီးတွေ့ထားတာပဲ သူတို့ဘာလို့မပေးတာလဲဆိုပြီး ဆဲနေကြမှာဆိုးလို့ပါ။
ဟုတ်ကဲ့ ဥပမာပြပါ့မယ်။ imgur.com မှာ ကျွန်တော်တို့ message ပို့လို့ရတယ်။ အဲ့ဒီနေရာမှာ XSS reflection ဖြစ်တဲ့နေရာအခုထိရှိနေပါတယ်။
အခုထိလည်းစမ်းကြည့်လို့ရနေပါတယ် စမ်းကြည့်ပါ။
ဒါက Aol mail ရဲ့ Self-XSS ပါ။ ကျွန်တော်တို့ compose မလုပ်ခင်ထိ XSS ကပေါက်တုန်းပဲ အဲ sent ပြီးပြီဆိုတာနဲ့ အဲ့ဒါအလုပ်မလုပ်တော့ဘူး။
victim ဖက်ကိုလည်းမရောက်သလို attacker ဖက်ကိုလည်းမရောက်ဘူး။ အဲ့လိုမျိုးကို Self-XSS လို့ခေါ်ပါတယ်။
uber မှာဟိုတုန်းက ဖြစ်ခဲ့တဲ့ Self-XSS ကို Good-XSS ပြောင်းတာဖတ်ကြည့်ကြည့်ပါ တော်တော်မိုက်ပါတယ်။

https://whitton.io/articles/uber-turning-self-xss-into-good-xss/
 ကျွန်တော့်ဆရာအမြဲပြောတဲ့ စကားတစ်ခုရှိတယ်ဗျ။ hacking ဆိုတာ နားမလည်ရင်တော့ magic အရမ်းဆန်နေမှာပဲ နားလည်သွားရင် magic မဆန်တော့ဘူးတဲ့။
အဲ့လိုပဲဗျ XSS ဆိုတာ alert ထုတ်ပြရုံလောက်မဟုတ်ပါဘူး။ alert ထုတ်ပြရုံပဲဆိုလည်း ဘယ်သူမှဂရုစိုက်မှာမဟုတ်ပါဘူး။
twitter က ဟိုးတုန်းကပေါက်တဲ့ XSS worm လေးရှာဖတ်ကြည့်ပါ risk ဘယ်လောက်ထိကြီးတယ်ဆိုတာသိပါလိမ့်မယ်။
နောက်ဆုံး Self-XSS ဆိုတာကျွန်တော်တို့ developer console ကနေ ပြီး alert(docuemnt.domain) ရိုက်မှ Self-XSS မဟုတ်ပါဘူးဟု နိဂုန်း ချုပ်ရင်းနဲ့ပဲ။

3 Comments

  1. ကျေးဇူးပဲဗျ ဖတ်ရတာ နားလည် လွယ်ပါတယ်။
    နောက်လည်း ဆက်ရေးပေးပါဦးဗျ။

  2. ကျေးဇူးပါ မာမီရှိန်း 🙂 ဟီးးး စတာနော ဗဟုသုတ တေ တိုးပါတယ် 🙂

Comments are closed.