Red Teaming ?

What is Red Teaming?

ဒါကိုစကြားကြားချင်းတော့ Red Teaming က Penetration Testing လိုပဲလို့ထင်ခဲ့တယ် ၊ Red ဆိုတော့ ကျနော့်စိတ်ထဲ Offensive ကိုပြောချင်တာလို့လဲထင်ခဲ့တယ်။ တကယ်တော့ မဟုတ်ပါဘူး ၊ Penetration Testing နဲ့ Red Teaming ကတော်တော်လေးကွာခြားမှုရှိတယ်ဆိုတာကိုနောက်တော့သိလိုက်ရပါတယ်။ Pentest လုပ်တယ်ဆိုတာက သူ့ရဲ့ အဓိကရည်ရွယ်ချက်ကိုက Testing လုပ်ပေးတာဖြစ်တယ် ၊ VA နဲ့များများစားစားတော့သိပ်မကွာလှပါဘူး ။ VA ထက်တော့ ပိုကောင်းတာပေါ့ ၊ VA ( Vulnerability Assement ) ကတော့ရှင်းတယ် ၊ အားနည်းချက်ရှိလားမရှိလား စစ်ပေးမယ်ဆိုတဲ့ အချက်ကပဲအဓိကအချက်ဖြစ်တယ်။ Pentest ကတော့ အဲ့ဒီ VA ကိုပဲ Tool သို့မဟုတ် Scanner တွေထက် ကိုယ်တိုင်စမ်းကြည့်တာမျိုးတွေလဲပါဝင်တယ်လို့ လောလောဆယ်သိထားတယ်၊ အဓိကပြောချင်တာကတော့ Red Teaming ကတော့ အဲ့ဒါတွေထက်ပိုပြီးနည်းနည်းလေး နက်နဲတယ်ဆိုတာကို UCSY မှာ ကိုရဲရင့် ပြောခဲ့တဲ့ talk ကြောင့် ကျနော်သတိထားမိလာတာဖြစ်ပါတယ်။

အားနည်းချက်ရှိမှ Hack ရမယ်ဆိုရင်တော့ မလွယ်ဘူး ၊ CMS တွေ ၊ Framework တွေကလဲ တော်တော်ကောင်းလာတယ်မလား

Red Teaming ရဲ့ ရည်ရွယ်ချက်ကိုက ကျနော်တို့နောက်ပိုင်းလိုကိုလိုအပ်လာမယ်ဆိုတာ စဉ်းစားကြည့်လိုက်တာနဲ့သဘောပေါက်ပါတယ် ၊ အားနည်းချက်ရှိမှ မဟုတ်ဘူး ၊ ဘယ်လိုပြောရမလဲဆိုရင် 0 day exploit တစ်ခုကိုသုံးပြီးမှ ရလာတာမျိုးမဟုတ်ပဲနဲ့ မရမကဆန်တယ် ။ မရရင်ရတဲ့နေရာကလုပ်ရမယ်ဆိုတဲ့ ပုံစံမျိုးကိုသက်ရောက်နေတာမျိုးဖြစ်ပါတယ်။ သေချာလိုက်ဖတ်ကြည့်မယ်ဆိုရင်တော့ Red Team ရဲ့ characteristics ဘာညာသာရကာတွေကအစ အသေးစိတ်လိုက်ဖတ်ကြည့်လို့ရပါတယ်။

Red Teaming ရဲ့ အကျိုကျေးဇူးကလဲပိုများတယ် ၊ ဘယ်လိုပြောရမလဲ? တကယ်တမ်း Infra တစ်ခုကို Attack လုပ်ကြပြီဆိုပါတော့၊ Attacker က Scan ဖတ်ပြီးအားနည်းချက်ရှိမှ exploit သုံးတာမျိုးဆိုရင်တော့ ပြသနာမရှိဘူး ၊ Social Engineering လိုမျိုး ၊ APT ( Advanced Persistent Threating ) စတာတွေနဲ့ဆိုရင် ဘယ်လိုမှ Detect လို့မရဘူးဆိုရင် Incident Response က အဆင်ပြေမှာမဟုတ်တော့ဘူး။ Blue Team အနေနဲ့ တကယ်ရော Detect လုပ်နိုင်မလား ဆိုတာမျိုးကို Red Team ရဲ့ အကူအညီနဲ့သာ အဖြေတစ်ခုရနိုင်မှာဖြစ်တယ်။

Where to start Red Teaming?

ဒီ Repo လေးကနေစလိုက်တာတော့ကောင်းမယ်လို့ကျနော်ကတော့ထင်တယ်။ ကျနော် ဒီ Repo ကိုကြည့်တုန်းကတော့ ကျနော်က အားနေလို့ကြည့်လိုက်တာဖြစ်တယ်။ ကျနော့်ကိုဘယ်သူမှလဲ Red Teaming မလုပ်ခိုင်ဘူး။ ကျနော်လဲ ဘယ် company ကိုမှ Hack စရာမရှိဘူး။

https://github.com/yeyintminthuhtut/Awesome-Red-Teaming

ဒါပေမဲ့လို့ Ebooks ဆိုတဲ့ထဲမှာ Advanced-Penetration-Testing-Hacking-Networks ဆိုတဲ့စာအုပ်လေးသွားတွေ့တယ်။ အားနေတာဆိုတော့ အစပိုင်းလေးဖတ်ကြည့်လိုက်တာပေါ့ ။ အဲ့မှာတကယ်စိတ်ဝင်စားဖို့ကောင်းတာကိုသိလိုက်ရတယ်။ Advanced Persistence Threating အကြောင်းကိုရေးထားတာဖြစ်ပါတယ်။ Medical Network တစ်ခုကို ဥပမာအနေနဲ့ပေးထားတာဖြစ်တယ်။ Opensource Intelligence ( OSINT ) ကဘယ်လိုအရေးပါသလဲ၊ ဒီကရလာတဲ့ Information အပေါ်မူတည်ပြီး stager တွေ malware တွေဘယ်လိုဖန်တီးမလဲ ၊ Defence Mechanism တွေကိုဘယ်လို Bypass လုပ်မလဲ ၊ အဲ့အတွက်ဘယ်လိုကြိုတင်ပြင်ဆင်မလဲ၊ တကယ်လို့ရသွားရင် ဘယ်လို Control လုပ်မလဲ (C2) ၊ တစ်ခုကနေတစ်ခုဆက်သွားဖို့ Lateral Movement တွေဘယ်လိုလုပ်မလဲ၊ Persistence ဖြစ်အောင်ဘယ်လိုလုပ်မလဲစသည်ဖြင့်တော်တော်လေးကို ဖတ်လို့ကောင်းတဲ့စာအုပ်ပေါ့ ။ လိုက်စမ်းနိုင်ရင်တော့ ပိုကောင်းပါတယ်။

နောက်တစ်အုပ်ကတော့ ဒီ Repo ထဲမှာ ( လက်ရှိ ) မပါပါဘူး ။ How to hack like a pornstar ဆိုတဲ့စာအုပ်ဖြစ်ပါတယ်။ Bank တစ်ခုကို ဘယ်လို အဆင့်ဆင့် Hack လဲဆိုတာကို စဉ်းစားသွားပုံတွေ၊ ကြိုတင်စီစဉ်ထားတာတွေကို လေ့လာလို့ကောင်းတဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

APT ကိုသေချာနားလည်ချင်ရင်တော့ Zero Day ဆိုတဲ့ ရုပ်ရှင်ကားကကြည့်သင့်တဲ့ကားပေါ့။ Stuxnet ရဲ့အကြောင်းဖြစ်ပါတယ်။ Olympic Game ( or ) Stuxnet ကိုဘယ်လိုအကောင်အထည်ဖော်ခဲ့ကြတယ် ၊ ဘယ်လို OSINT လုပ်တယ် ၊ Insider သုံးပြီး malware ကိုဘယ်လို ထည့်တယ် စသည်ဖြင့် တော်တော်လေးကြည့်လို့ကောင်းပါတယ်။

ကျနော်ရေးပေးတာကတော့ Red Teaming ကို သိသွားစေချင်လို့ရေးထားတာဖြစ်ပါတယ်။ ဘယ်လိုလုပ်ရမယ်ဆိုတာတွေမဟုတ်တဲ့အတွက် ကိုယ်တကယ်တမ်းနားလည်သွားလို့လုပ်ချင်ရင်တော့ ကိုရဲရင့်ရဲ့ Awesome Red Teaming repo ကိုပဲညွှန်းလိုက်ပါရစေ။

Thanks