Dive into XSS

ကျနော်သတိထားမိသလောက်ခုနောက်ပိုင်း ဒီမှာ XSS ကအရမ်းခေတ်စားလာခဲ့တာကိုတွေ့ရပါတယ်။ ခုရေးတဲ့ အကြောင်းအရာဟာ XSS အရမ်းကျွမ်းနေလို့ရေးတာ မဟုတ်သလို ဘာဖြစ်ချင်နေမှန်းမသိတဲ့ တချို့တွေလဲ သိရအောင် ဆောင်းပါးသဘောမျိုးရေးပေးတာဖြစ်ပါတယ်။ ကျနော်သိထားသလောက်ပဲရေးတာဖြစ်တဲ့အတွက် လိုအပ်တာတွေမှားနေတာတွေတော့ရှိမှာပေါ့။ မသိတဲ့သူအတွက် အထောက်ကူဖြစ်တယ်ဆိုရင်ပဲကျေနပ်တယ်။

XSS ဘာလဲ ဘယ်လဲ ? 

alert ထုတ်တာ XSS လို့ထင်နေရင်တော့မှားမှာပေါ့နော်။ အဲဒီ alert လေးပြဖို့ ဘယ်သူက bounty တွေပေး ဘယ်သူက Top 10 ထဲထည့်မတုန်း ?  ဒီတော့ အကျဉ်းချုပ်နဲနဲ ဆွေးနွေးမယ်။

<form>
	form innerHTML
</form>

အထက်ပါ form ကို JS DOM နဲ့ access လုပ်လို့မရဘူးလား? (Reference)

ရတယ်။ ဒီတော့ innerHTML value ကို ပြောင်းပစ်မယ်ဆိုရင်ရော ? ရတယ်။

Attribute value တွေလဲရတယ်။

<form action="lolsec">
	LOL
</form>

ဒီတော့ Login form Hijacking ဆိုတာ XSS သာပေါက်ခဲ့ရင် 😀

နောက်တစ်ခု Cookie

<?php
setcookie("lol","LOL cookie");
?>

ဒီလိုဆို browser cookie ထဲမှာ

JavaScipt နဲ့ဆို

ဒီတော့ JS သာ run ရရင် cookie ကရတယ် httponly ဘာညာခဏထားထား။ XSS သာပေါက်နေရင် တို့ဆီကို Request လေးတစ်စောင် ဒါမှမဟုတ် redirect လုပ်နိုင်ကောင်းပါရဲ့။

ရှိပါသေးတယ် အများကြီး။ Exploitation Tools အနေနဲ့ဆိုရင်တော့ ဒီ ၂ ခုသိတယ် ။

https://xenotix.in/

http://beefproject.com/

Self XSS

self xss က ဘယ်လိုမှ exploit လုပ်လို့မရတာမျိုးတွေကိုပြောချင်တာ XSS ကို များသောအားဖြင့် Reflected , DOM, Stored စသဖြင့် ၃ မျိုးအဓိက ခွဲထားတယ်ဆိုပေမဲ့ ကျနော်တွေ့ရတာတော့ တခြားအများကြီးခေါ်နေကြတဲ့ XSS တွေကျန်နေသေးတယ်။ Example RPO XSS , Mutation XSS , Shibuya (or) Path XSS , UXSS , Blind XSS ,etc…

ခုဆိုရင် UXSS က SOP ( Same Origin Policy ) ကြောင့် <iframe> ကနေတစ်ဆင့် Different domain က script တွေအလုပ်မလုပ်တော့တဲ့အတွက်ပါမလာတော့ဘူး ။ SOP Bypass တွေဘာတွေ သိချင်တယ်ဆိုရင်တော့ Manuel Caballero’s ရဲ့ http://www.brokenbrowser.com/ မှာ Edge Browser အတွက် ဟာတွေရှိတယ်။ တခြား Browser တွေအတွက်လဲ ရှာကြည့်လို့ရပါတယ်။

Self XSS ဆိုတာတခြားမဟုတ်ဘူး ကိုယ့် Browser မှာ ကိုယ့်ဘာသာကို Inspect Elelment နဲ့ပြင်ပြီး JS or HTML  တွေ execute လုပ်တာ ။ Client Side Attack ပါဆို တခြား Client ကို ဘယ်လိုလုပ်ခိုင်းမှာလဲ ? အကိုရေ Ctrl + Shift + J ကို နှိပ်လိုက်ပါ။ ပြီးရင် console ထဲဝင်လိုက်ပါ။ alert(1) လို့ရိုက်ပေးပါလား ? ခုခေတ်စကားနဲ့ပြောလိုက်မယ် ။ Ha Ha Pe Ya Mal bro 😛

တခြားနည်းတစ်ခုရှိသေးတယ် scheme:// ကိုပြောင်းတာ ( ဒါကတော့ ကိုကောင်းထက်အောင်ပြောတဲ့ Tangled Web ဆိုတဲ့ စာအုပ်ထဲကနေ ကျနော်သိလာတာ )

http:// , mailto:// စတဲ့ scheme တွေလိုမျိုးပဲ JavaScript လဲရှိပါသေးတယ်။

javascript:/*google.com*/alert(document.domain)

ဘာမှလုပ်လို့မရဘူးဗျ ။ အဲဒါမျုးတွေ ကိုယ့် Browser မှာ ကိုယ့်ကို JS တွေ run နေတာ စိတ်ဝင်စားမှာမဟုတ်ဘူး။

Reflected တောင် UI (User Interaction) လိုတဲ့အတွက် Store လောက် effect မဖြစ်တာ သိပြီးသားထင်ပါတယ်။

Exploiting XSS with POST method

POST method နဲ့ရေးထားတဲ့ XSS တွေက GET method လိုမျိုးမဟုတ်တော့ တချို့မသိဘူးထင်တယ် ဟီး။ သိရင်လဲသိမှာပေါ့ ။ သိရင် ကျော်လိုက်။ POST နဲ့ရေးထားတဲ့ဟာဆိုရင် ကျနော်တို့ ?param=<js_code> ပုံစံနဲ့မရတော့ဘူး။ URL မှာ query string အနေနဲ့ မပြဘူးလေ။ ဒီတော့ ကိုယ့်ဘာကို form ပြန်ရေးပေးရတယ်။

Example

<form method=POST action="vulnerable.php">
<input type="hidden" name="param" value="<js_code>">
<input type="submit" name="">
</form>

Browser & XSS

သာမန် Chrome မှာ alert တွေဘာတွေပြပြီဆိုရင် တို့တွေစဉ်းစားရတယ် ကြမ်းလှချည်လားဗျာပေါ့ ။ Why?

<?php
echo $_GET['lol'];
?>

XSS ?

http://localhost/xss.php?lol=%3Cscript%3Ealert(1)%3C/script%3E

Chrmoe မှာ XSS auditor ရှိတယ်တဲ့ ။ မင်းသိဖို့ကောင်းတယ်  😀

ဒီတော့ Edge ကရော ? ရှိတာပဲ အဲဒါတွေရှိလို့ သူတို့ ရှာနေကြတာပေါ့ Bypass တွေ

Chrome XSS Bypass

ဒါလဲ

Filter Bypass

တခါတလေကျတော့ Filter တွေလဲ Bypass ရသေးတယ်။ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်ဗျ။ ဒါကြောင့် ကျနော်ကလေ့လာနေရတာတင် သဘောကျနေတာ အရမ်းကို အနုပညာဆန်တယ်။

Filter တွေကိုရှောင်မယ်ရှားမယ်။

http://html5sec.org/

ကျော်မယ်ခွမယ်။

xssor.io

လိုနေတာအသစ်

Conclusion

ဒီလောက်ဆို သဘောပေါက်ရောပေါ့။ ဟိဟိ 😀 ကျနော်သိသလောက်ရေးပေးထားတာပါ။

6 Comments

  1. ကျေးဇူးတင်ပါတယ် အခုလို အစအဆုံး မဟုတ်သည့်တိုင် နည်းနည်းလေးကို အသေးစိတ်ရှင်းပြထားလို့ နားလည်လွယ်တာက တကြာင်း ရှင်းတဲ့ ဆရာကဘဲ တော်လို့လား မသိ …တော်ရုံ ငနုတောင် နားလည်ပါတယ် လို့ ပြောရင်း အခုလို အရမ်း ပြည့်စုံတဲ့ post တစ်ခုပါဘဲ ဘဒို

    • နားလည်တယ်ဆိုတာနဲ့တင် Bill 2000 ချေးပြီး ရေးထားတာ တန်သွာပြီ ? ကျေးဇူး အထူး Bro

  2. ကျွန်တော်တို့လို beginner တွေအတွက်သဘောပေါက်လွယ်အောင်သေချာရှင်းပြထားတဲ့tutoလေးပါ။ကျေးဇူးတင်ပါတယ်…အကိုရေ

Comments are closed.