Binary and Number Representation

Computer Science Major တွေကလာတာမဟုတ်တဲ့သူတွေမှာ အဲ့ဒီအခြေခံမပါလာတာများပါတယ်၊ ဒါကြောင့်ကျနော် notes လေးလုပ်ထားလိုက်တာဖြစ်ပါတယ်။ ပြသနာကဘာလဲဆိုရင် URL encode လုပ်တယ်ဆိုတာ ascii ကနေ hexadecimal value ပြောင်းပြီး %20 စသည်ဖြင့်ပြောင်းတယ်ဆိုတာကအစ ဒီ Computer science ရဲ့အခြေခံဖြစ်တဲ့ Number Representation တွေမသိထားရင်က တကူးတကကြီးတွေဖြစ်နေတယ်။

Why Binary?

Computer system တစ်ခုဘယ်လိုအလုပ်လုပ်တယ်ဆိုတာသိဖို့လိုတယ်၊ ကျနော်တို့အနေနဲ့ ဘာကြောင့် computer ဟာ 0 1 ဖြစ်တဲ့ binary တွေကိုပဲနားလည်သလဲဆိုတာကိုသိဖို့တကယ်တမ်းကတော့ အားလုံး ၁၀ တန်းတော့ တက်ဖူးပါတယ်။ Modern Physics သင်ခဲ့ရမှာပေါ့။ ကျနော်တို့ George Boole ရဲ့ Boolean Logic Operator တွေကိုသင်ခဲ့ရပါတယ်၊ နောက်ထပ် ဝမ်းသာစရာကောင်းတာတစ်ခုက Logic Gate တွေကိုလဲ သင်ခဲ့ရတယ်။ ( မေ့နေပြီလို့တော့ထင်တယ် ) မြင်လိုက်ရင်တော့မှတ်မိမှာပါ။ အဲဒါတွေလဲထပ်ပြီး note လုပ်ထားဖို့ရှိပါတယ်။ ဒီတော့ Computer Architecture ကိုသိတယ်ဆိုရင် ကျနော်တို့ဘာကြောင့်ဆိုတာရှင်းသွားမှာဖြစ်တယ်။ ဒီတော့ နောက်ထပ်ထပ်လေ့လာရမှာတွေအများကြီးကျန်သေးတယ်ဆိုတာသိထားဖို့တော့လိုပါတယ်။

Decimal

ကျနော်တို့ ပုံမှန် သုံးနေတဲ့ဆယ်လီစိတ်ကနေပဲစပြောတာကောင်းပါတယ်။ ဆယ်လီစိတ်တွေကိုတော့ ကျနော်တို့ သူငယ်တန်းတည်းက စသင်ဖူးတာဆိုတော့ ရင်းနှီးပြီးသားဖြစ်နေတာပေါ့။

102 101 100

တရုတ်ပေသီးခေါက်ဖူးတယ်ဆိုရင်တော့ ပိုရှင်းတယ်

ခုမှာရှိတဲ့ တန်ဖိုးက ၁၀ ခုပြည့်ပြီဆိုတာနဲ့ ဆယ် မှာရှိတဲ့တန်ဖိုးကို ၁ ခုရွှေ့လိုက်တယ်။ ဒီလိုမျိုးသဘောပဲ။

ဥပမာ 356 ဆိုပါတော့ ၊ ခုကိုအရင်တွက်မယ်။ 6 x 100 ၊ ဆယ်က 5 x 101 ၊ ရာက 3 x 102
3 x 102+5 x 101+36 x 100 = 356

Binary

Binary ကျတော့ base 10 နဲ့မဟုတ်တော့ပဲ base 2 ဖြစ်သွားတယ်၊ ပြီးတော့ Binary Digits တွေကို အတိုကောက် bits လို့လဲဖော်ပြကြတယ်။ ဒီလိုဆို binary ကရောဘယ်လိုလဲ?
24 23 22 21 20

base က 2 ဖြစ်သွားတာပဲရှိပါတယ်။ ဒီတော့ Binary မှာရော 300 ကိုဘယ်လိုရအောင်တွက်မလဲ

28=256+25=32+23=8+22=4 -> 300

ကြားထဲက မယူချင်တဲ့တန်ဖိုးတွေက 0 ဖြစ်ပြီးတော့ ယူမယ့်တန်ဖိုးတွေက 1 တွေအဖြစ်သတ်မှတ်တယ်။ အောက်ကလို binary တန်ဖိုးရမယ်။

1 0 0 1 0 1 1 0 0

Computing

လွယ်လွယ်လေးပဲအရင်စပေါင်းမယ်။ 3+2 ဆိုလွယ်တာပေါ့။

3 = 0011 , 2 = 0010

နောက်ဆုံးက စပြီးပေါင်းမယ်၊ 0+1=1 , 1+1=10 ဆိုတော့ carray 1 (မြန်မာလိုတော့ ၁ တင်ပေါ့) ယူမယ်၊ ရှေ့ဆုံးက 0+0=0 ဆိုတော့

0101 = 5 ပြန်ရမယ်။

Hexadecimal

hexadecimal ကတော့ Base 16 ဖြစ်တယ်။ 0 to F (0,1,2,3,4,5,6,7,8,9,A,B,C,D,E,F) ထိရှိတယ်။ Hexadecimal ကိုလဲတော်တော်များများနေရာတွေမှာသုံးတာကိုတွေ့ရမှာဖြစ်ပါတယ်။ ASCII ( American Standard Code for Information Interchange ) character တွေကိုလဲ Hexadecimal value အဖြစ်ဖော်ပြသလို ၊ OP code လို့ခေါ်တဲ့ Machine code တွေဟာလဲ Hexadecimal value တွေပဲဖြစ်တယ်။

Conclusion

တွက်တာတွေဘာတွေအတွက်ကတော့ ပူစရာမလိုပါဘူး ၊ ဒါတွေဘယ်လိုရှိတယ်ဆိုတာသိထားရင်အဆင်ပြေပါတယ်။ Windows မှာပါတဲ့ Caluclator နဲ့လဲတွက်လိုက်လို့ရပါတယ်။