Binary Analysis 101

Post တွေကို password protected လုပ်ထားပါတယ်။ ရောင်းစားဖို့အစီအစဉ်မရှိပေမဲ့ အရမ်းအပေါစားလဲမဆန်ချင်လို့ဖြစ်ပါတယ်။ တကယ်သေချာလုပ်မယ်ဆိုတဲ့သူတွေကိုပဲ ကျနော် Password ပေးဖို့ဆုံးဖြတ်ထားပါတယ်။

Goal

ကျနော်က Reverse Engineering ကိုထင်သလောက်မရပါဘူး ၊ စာတွေဖတ်တဲ့အခါမှာလဲ သိပ်ပြီးတော့အားရတယ်လို့မရှိဘူး ၊ အဓိကအဆိုးဆုံးကတော့ အလွတ်ရမနေတာတွေလဲပါမှာပေါ့။ Exploit Development တုန်းက လုပ်ခဲ့တဲ့ RE ဆိုတာက တကယ်တော့ Memory Analysis လောက်သာပါဝင်ခဲ့တာပါ။ အများကြီးလုပ်ရဦးမယ်လို့ ကျနော်ယူဆပါတယ်။ Linux Binary Exploitation ပြီးတဲ့အခါ Binary Analysis ဘက်ကိုလှည့်တဲ့သဘောပါ ၊ ကျနော့်မှာ အခုလို အချိန်ပေးလေ့လာဖို့ စိတ်ကူးရှိခဲ့တာတော့ကြာပါပြီ။ စိတ်ကူးအတိုင်းရတဲ့ထိကိုလုပ်သွားမှာဖြစ်ပါတယ် ၊ ဒီမှာတော့ ကျနော်လေ့လာခဲ့တဲ့ ပုံစံတွေ အကုန်လုံးလိုလို ရေးသွားမှာဖြစ်ပါတယ်။

Important *** တစ်ခုတော့ ကြိုပြောချင်ပါတယ် ၊ ဒီ Series ဟာ ကျနော်လုပ်မယ်လို့ စိတ်ကူးပြီး ကျနော်ထင်တဲ့အတိုင်းတွေလုပ်မှာပါ။ ကျနော့်အနေနဲ့ အဲဒါတွေ လုပ်ရင်ရမှာလားဆိုတာတောင် အတတ်မပြောနိုင်ပါဘူး။ ***

Before you Begin

ဒါကိုလေ့လာမယ်လို့စိတ်ကူးထားတဲ့သူတွေက အောက်ကလိုအခြေခံလေးတွတော့ သိထားပြီးသားဖြစ်ဖို့လိုပါတယ်။ မဟုတ်ရင်တော့ ဘာတွေဖြစ်နေမှန်းမသိပဲဖြစ်နေပါဦးမယ်။

  • Linux သုံးဖူးတဲ့သူဖြစ်ရပါမယ်
  • Operating System ဘယ်လိုတွေအလုပ်လုပ်တယ်ဆိုတာ နားလည်ထားရမယ်
  • Basic of C Programming
  • Assembly codes တွေကို ဖတ်တတ်ရပါမယ်။

Who should learn with me?

ဒါကိုလေ့လာတာက Exploit Development ရော ၊ Cracking ရော အတွက် အဆင်ပြေသွားမယ်လို့ ကျနော်ယုံကြည့်ပါတယ်။ ဒါကြောင့် အဲ့ဒီ Topic တွေကိုစိတ်ဝင်စားတဲ့သူတွေအနေနဲ့တော့ သင့်တော်ပါတယ်။ တစ်ခုတော့ရှိတယ် ၊ ဒီလို Topic တွေက English ဘာသာနဲ့ဆိုအများကြီးရှိပါတယ်။ ဒီတော့ ကျနော်က ကျနော်နားလည်ခဲ့တဲ့နေရာတွေကနေ ပြန်ပြီး ဒီမှာ Sharing ပြန်လုပ်တာဖြစ်ပါတယ်။

How to request access?

ဒီတော့ Password ခံထားတာဖြစ်တဲ့အတွက် လေ့လာမယ်လို့စိတ်ကူးရှိတဲ့သူက thinbashane@gmail.com ကို Mail ပို့ပြီး မေးမြန်းနိင်ပါတယ်။ ရောင်းတာမဟုတ်ပါဘူး ။ ဆွေးနွေးချင်တာရယ် ၊ အလကားရပြီးရော လုပ်မှာလဲမဟုတ် ၊ လိုအပ်တဲ့ အခြေခံလဲမရှိသေးတဲ့သူတွေကိုအာရုံမနောက်စေချင်လို့ပါ။

Forum မဟုတ်ပေမဲ့ Comment မှာ ကျွှန်တော်တို့ဆွေးနွေးကြတာပေါ့ ၊ Mail ပို့တဲ့ အခါ ဘယ်သူဘယ်ဝါဆိုတာလေးတော့ ထည့်မိတ်ဆက်ပေးကြပါဦး။

Current Progress

စလုံးရေစပဲရှိပါသေးတယ် ၊ အောက်မှာ ဘယ်ထိပြီးနေပြီဆိုတဲ့ List လေးလုပ်ထားပါတယ်။ ဘာတွေလုပ်မယ်ဆိုတာ အတိအကျမရှိပါဘူး ။ လိုအပ်သလိုလေ့လာပြီးပြန်ရေးပေးသွားမှာပါ။

Exploit Devlepment မှာတုန်းက gdb တို့ gdb-peda တို့ကိုသုံးခဲ့တာဖြစ်တယ် ၊ ဒီတစ်ခါတော့ radare2 ကိုသုံးပြီးလေ့လာမှာဖြစ်ပါတယ် ၊ Radare2 ဟာ Linux အတွက်တော့ လူကြိုက်အများဆုံး Reverse Engineering Framework တစ်ခုဖြစ်တဲ့အပြင် ၊ Maintainence တွေ ၊ အသုံးဝင်မယ်ံ Plugins တွေ ၊ လေ့လာဖို့အတွက်နေရာတွေ ၊ Conference တွေတောင် ရှိပါတယ်။ ဒါကြောင့် ကျနော်တော့ radare2 ကိုသုံးပြီးလေ့လာဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်

Lessons

  1. The Basics of Radare2
  2. More familiar with Radare2
  3. Debugging Commands in Radare2
  4. Back to the Requirements
  5. Reverse Engineering Hello World Program
  6. Reverse Engineering Data Types
  7. Reverse Engineering Operators
  8. Reverse Engineering I/O
  9. Reverse Engineering Flow Control
  10. Reverse Engineering Functions
  11. Learning from Megabeets
  12. Coming soon!

Thanks list

လေ့လာခဲ့တဲ့နေရာတွေကို ဒီအောက်မှာ Thanks list အနေနဲ့ စီထားပေးပါမယ်။

Radare2 Reference

Other Reference