A Guide to Self-Study

Introduction

ဒီတစ်ခါတော့ ကျနော် Tutorial တွေမရေးတော့ပဲနဲ့ နည်းလမ်းလေးပေးရင်ကောင်းမလားလို့စဉ်းစားမိတယ် ၊ ဒီမှာအများစုကြုံနေရတဲ့ ပြသနာတစ်ခုရှိတယ်။ ကိုယ့်ဘာကိုလေ့လာတဲ့အခါ ဘယ်ကစပြီးလေ့လာရမှန်းမသိတာဖြစ်တယ်။ ဒီအခါမှာ တချို့က Senior ပဲဖြစ်ဖြစ် ၊ သူတို့အားကျတဲ့သူပဲဖြစ်ဖြစ် သွားမေးတတ်ကြတယ်။ ဘာပြသနာရှိလဲဆိုတော့ တချို့က နည်းနည်းလေးမြင့်မြင့်အကြံပေးလိုက်တယ်ပဲထားပါတော့ ၊ ဘာတွေပြောနေမှန်းမသိတော့ဘူး။ တချို့ကလဲပြောမှာပေါ့ ၊ Hacking ဆိုတာလေ့လာရတာမဟုတ်ဘူး စသည်ဖြင့် ပြောတဲ့အခါ စစချင်းလုပ်တဲ့သူတစ်ယောက်အတွက်ကျတော့ တော်တော်လေးကိုရှုပ်သွားမှာသေချာတယ်။

တကယ်တော့ ဒါတွေကို ကျနော်လဲကြုံခဲ့ဖူးပါတယ် ၊ မှတ်မှတ်ရရလေးတွေပြောပြမယ်။ ဥပမာ Web Security ၊ Web Hacking ကို လေ့လာချင်တယ်ဆိုပါတော့၊ မေးမယ့်ပုံစံ ၂ ခုရှိတယ်။ “Web Hacking သင်ပေးပါလား” နဲ့ “Web Hacking ကို ဘယ်လိုလေ့လာရမလဲ” ဒီ ၂ ခုကို အဓိကမေးဖြစ်ကြလိမ့်မယ်။ ပထမမေးခွန်းကိုမေးတော့ Hacking က သင်ပေးလို့တတ်တာမဟုတ်ဘူးလို့ ပြောကြတာများတယ်။ ( မှန်သင့်သလောက်တာ့မှန်တယ် ) ဒါပေမဲ့ ခုမှစမယ့်လူတစ်ယောက်အတွက်ကျတော့ မေးခွန်းကလဲ မမှန်တော့ ဘာဆက်လုပ်ရမှန်းမသိတော့ဘူး။ နောက်ထပ်မေးခွန်းတစ်ခုကို ကျနော်ထပ်မေးတယ်။ Senior ထဲကတစ်ယောက်ကပြောတယ် ၊ DVWA လို Vulnerable Lab နဲ့စမ်းပြီးလေ့လာကြည့်ဖို့ပေါ့ ၊ ဒါပေမဲ့ ဘာဖြစ်သလဲဆိုရင် DVWA ကို ဘယ်လို Install လုပ်ရမလဲ ? Xampp တွေဘာတွေ သုံးပြီး Setup လုပ်တာမျိုးတွေ့မယ် ၊ ကိုယ်က System Architecture ကိုဘာမှမသိတော့ တိုင်တွေပတ်ပြီးရင်ပတ်ပေါ့။ ပြောချင်တာကတော့ Self-Study လုပ်တဲ့သူတွေမှာ အဲ့လိုပြသနာတွေတစ်ခုပြီးတစ်ခုကြုံနေတာနဲ့ အချိန်တော်တော်လေးကြာသွားတတ်ပါတယ်။

စာတော်တဲ့ ကလေးတစ်ယောက်ကမေးဖူးတယ် ၊ ကျနော့်လိုဖြစ်အောင်ဘယ်လိုလုပ်ရမလဲ တဲ့

တကယ်တော့ ကျနော်ကဘာမှမဟုတ်ပါဘူး ၊ ကျနော်သိတာတွေကလည်း တကယ်ကိုနည်းနည်းလေးပဲရှိပါသေးတယ်၊ ကျနော့်လိုဖြစ်အောင်ဘယ်လိုလုပ်ရမလဲလို့မေးလာတော့လဲ ကျနော်ဘယ်လိုလုပ်ခဲ့တယ်ဆိုတာပြန်ပြောရတာပေါ့။

My Journey into Info Sec

ကျနော်စလုပ်တော့ Hacking ကို တကယ်ပဲစိတ်ဝင်စားလားဆိုတောင် ဝေခွဲမရပါဘူး၊ ပထမဆုံး ကျနော် Networking သင်တန်းစပြီးသွားတက်ပါတယ်၊ အဲ့နောက်တော့ ကျနော် CEH တက်တယ် ၊ အဲ့လိုသင်တန်းတက်လိုက်ရင် Hacker ဖြစ်သွားမယ်လို့လဲထင်ခဲ့ဖူးတယ်။ ဒါတင်မကဘူး တခြားသင်တန်းတစ်ခုပါသွားတက်လိုက်ပါသေးတယ်၊ အဲ့တော့ဘာအကျိုးကျေးဇူးရှိလဲလို့မေးရင် Hacking က သင်တန်းတက်လို့ရတဲ့အရာမဟုတ်ဘူးဆိုတာတော့ ကောင်းကောင်းသိသွားတာပေါ့။ ကောင်းတာလေးတစ်ခုကတော့ အမြင်လေးတော့ရှိသွားပါတယ် ၊ လုံးဝအကျိုးမရှိတာမျိုးတော့မဟုတ်ဘူးပေါ့။ ( Certificate လိုအပ်လို့တက်တာကိုမဆိုလိုပါ )

ပထမဆုံးစပြီးရွေးချယ်ခဲ့တာတော့ Web Hacking ပဲဗျ ၊ အမှန်တိုင်းပြောရရင် ကျနော့်မှာလဲ Browser တစ်ခုပဲရှိသလိုဖြစ်နေတာဆိုတော့ ၊ Web Hacking က အသင့်တော်ဆုံးပဲပေါ့ ။ ဒါပေမဲ့ Web Architecture ကိုလေ့လာခဲ့သလားဆိုရင်တော့ မလေ့လာခဲ့ဘူးဗျ။ အဲ့ဒါတော်တော်မှားသွားတယ်ဆိုတာ နောက်ပိုင်းကျမှသိတယ်။ Web Hacking ဆိုတော့ ထုံးစံအတိုင်း SQL Injection ကပဲစလေ့လာတာပေါ့၊ အလွတ်ကျက်စနစ်နဲ့လေ့လာတာပါ။ ဒီလိုကြုံရင် ဒီလို query သုံးမယ်ဆိုတာလောက်ပဲတွေးတတ်တာပါ။ ( Tool တွေတောင် အဲ့လိုလုပ်တတ်တယ် ) ဒီလောက်ဆို ကျနော်လေ့လာတဲ့ပုံစံကိုသဘောပေါက်လောက်ပြီပေါ့ ၊ တွေ့ကရာအကုန်ဖတ် ၊ တွေ့ကရာအကုန်လျှောက်စမ်းခဲ့တာ ဖြစ်တယ်။ အဲ့ထဲကမှ ဘယ်ဟာကတော့မှန်တယ်၊ ဘယ်ဟာကတော့မှားတယ် စသည်ဖြင့် သိလာတာဖြစ်တယ်။

Scary English

ကျနော် English စာမကောင်းဘူးဗျ ၊ Speaking ဘာညာသင်တန်းလေးတစ်ခုတော့ ၁၀ တန်းပြီးခါစတက်ဖူးတယ်။ အဲဒီတော့ ဘာဖြစ်လဲဆိုရင် English လိုဆို စာအုပ်မပြောနဲ့ ၊ Blog post လေးတွေတောင်ဖတ်ရတာအဆင်မပြေဘူး။ နားမလည်ဘူးဖြစ်နေတယ်။ ဒါကြောင့် မြန်မာလိုကိုပဲ လိုက်ရှာဖတ်ခဲ့တယ် ၊ မြန်မာထဲမှာက တတ်တဲ့သူတွေကျတော့လဲ သူတို့အလုပ်နဲ့သူတို့မအားလို့နေမယ် သိပ်မရေးကြဘူး ၊ YEHG လိုမျိုးကျ ကိုယ်ကလိုက်မမှီပြန်ဘူး ( English လိုပဲရေးတာပါ ) ၊ ရေးတဲ့ဟာတွေကျတော့လဲ Tutorial လိုမျိုးတွေပဲများတယ်။ စော်ကားတာမဟုတ်ပါဘူး ဖြစ်နေတာလေးကိုပြောပြတာဖြစ်ပါတယ်။ ကိုယ်လဲ အဲ့ဒီ မြန်မာ Tutorial တွေပဲဖတ်ခဲ့ရတာပါ။

ဆိုလိုတာကတော့ English စာကိုကြောက်နေလို့ကတော့ ဒီလောကမှာသိပ်အဆင်မပြေလောက်ဘူးလို့ပြောချင်ပါတယ်။ တဖြည်းဖြည်းတော့ ကျင့်သားရလာမှာပါ ( ကျနော်တောင် English စာအုပ်တွေ ဖတ်လို့ရနေပြီ )

Learning Idea

ကျနော့်အတွေ့အကြုံအရ ၊ ကျနော့်လိုအချိန်တွေမကုန်အောင်လို့ အကြံလေးပေးချင်စိတ်ပေါ်လာပါတယ်။ လောလောဆယ်ကျနော်သိထားတဲ့ အကောင်းဆုံးနည်းကတော့

  • Choosing
  • Understanding
  • Testing
  • Practicing
  • Deep Understanding
  • Explore

Choosing

ကျနော်တို့စလေ့လာတော့မယ်ဆိုရင် တစ်ခုခုကို ရွေးချယ်ဖို့လိုပါတယ် ၊ မဟုတ်ရင်တော့ ယောင်ခြောက်ဆယ်ဖြစ်နေမှာသေချာတယ် ၊ ဒီတော့ ဘယ်လိုရွေးချယ်မလဲဆိုတာကို ဆွေးနွေးကြည့်မယ်။ Web ဆိုတာဘာလဲ Linux Server လား ? IIS Server လား ? Programming Language ကရော PHP လား ၊ Python လား ၊ ASP.NET လား စသည်ဖြင့် ရွေးချယ်ရမှာဖြစ်တယ်။ ကိုယ့်အတွက်ပိုအကျိုးရှိမယ့် လမ်းကြောင်းကို ကိုယ်ရွေးတာအကောင်းဆုံးပဲပေါ့။ ( အောက်ကပုံလေးက ကျနော်ရွေးခဲ့တဲ့လမ်းကြောင်းပါ )

Understanding

လမ်းကြောင်းတစ်ခုရွေးပြီးပြီဆိုရင်တော့ အဲ့လမ်းကြောင်းပေါ်က ခလုတ်တိုက်မိသမျှအရာမှန်သမျှကို နားလည်ထားဖို့လိုအပ်ပါတယ်။

Testing

နားလည်ယုံနဲ့တော့မပြီးသေးဘူး ၊ ဖြစ်နိုင်ရင်စမ်းကြည့်စေချင်တယ်။ အဲ့တော့မှ သေချာနားလည်သွားမယ်လို့ကျနော်ကတော့ ယုံကြည့်ပါတယ်။

Practicing

Lab တွေဘာတွေနဲ့ လေ့ကျင့်ဖို့လိုပါတယ် ။ အဲဒါက အတွေ့အကြုံကို သူများတွေဆီကနေရယူတာဖြစ်တဲ့အတွက် တကယ့်ကိုလိုအပ်တဲ့အရာတစ်ခုဖြစ်ပါတယ်။

Deep Understanding

စမ်းတယ် ၊ လေ့ကျင့်တယ်ဆိုရင်တော့ သေချာပေါက်ကို အရင်ထက်ပိုပြီးအသေးစိတ်သိချင်လာမှာဖြစ်ပါတယ်။ အဲ့ဒါ တကယ်လုပ်ရင် Theroy ဆိုတာကြီးကို မကြောက်တော့ပါဘူး ။ အပေါ်မှာ အကြမ်းဖျင်းလောက်ပဲနားလည်ခဲ့တယ်ဆိုရင်တော့ ဒီအချိန်ကျရင် ပိုပြီး အသေးစိတ်သိချင်လာတော့မှာဖြစ်ပါတယ်။

Explore

အပေါ်ကဟာတွေအားလုံးလုပ်ပြီးပြီဆိုရင်တော့ Real World ပဲဖြစ်ဖြစ် ၊ ကိုယ်တိုင်စမ်းကြည့်ချင်လာမှာဖြစ်ပါတယ်။ လုပ်ယူစရာမလိုပါဘူး ၊ အပေါ်ကအဆင့်တွေသာတကယ်လုပ်ခဲ့ရင် တကယ့် real world တွေမှာ မြင်ဖူးချင်လာမှာသေချာပါတယ်။

Conclusion

ခုရေးထားတဲ့ ဆောင်းပါးလေးက ကျနော့်ရဲ့ထင်မြင်ယူဆချက်တွေပဲဖြစ်ပါတယ်။ မှန်ချင်မှလဲ မှန်ပါလိမ့်မယ် ( တကယ် နားလည်တာတော့ အကျိုးမယုတ်ပါဘူး )

Thanks

4 Comments

Comments are closed.