0x05-Controlling EIP

Exploit Development ကိုပျိုးလာတာ ခုဆိုရင် ၅ ခုမြောက်ကိုရောက်သွားပြီဖြစ်ပါတယ်။ ဒီအခန်းမှာတော့ အရင်ခန်းတုန်းကရေးသားခဲ့တဲ့ Stack Based Buffer Overflow အားနည်းချက်ကိုအသုံးပြုပြီး EIP ကို ဘယ်လို Control လုပ်မယ်ဆိုတာကို လေ့လာမှာဖြစ်ပါတယ်။ ဒီတော့ ရှေ့ကအကြောင်းအရာတွေနဲ့ ရင်းနှီးပြီးသားဖြစ်ဖို့တော့လိုပါတယ်။ [Stack Based Buffer Overflow  ]

အရင်ခန်းမှာတုန်းက EIP ကို ဘာကြောင့် overwrite လုပ်သွားတယ်ဆိုတာကို ရှင်းပြပြီးဖြစ်ပါတယ်။ အခုခါမှာတော့ EIP ကို Valid ဖြစ်တဲ့ address သို့မဟုတ် ကျနော်တို့သွားချင်တဲ့ Address ကို ထည့်လိုက်နိင်မယ်ဆိုရင် ကျနော်တို့ EIP ကို Control လုပ်နိုင်တယ်လို့ သတ်မှတ်ပါတယ်။ ဒီတော့ ပထမဦးစွာ ကျနော်တို့အတွက် ဘာတွေသိဖို့လိုအပ်မလဲ ?

ပထမဦးစွာ Shell Coder Handbook မှ ကောက်ယူထားတဲ့ ပထမခန်းက Overflow ဖြစ်နေတဲ့ Program လေးနဲ့ပဲ ပြန်စမ်းကြမယ်။

void return_input(void)
{
char array[30];
gets(array);
printf("%s\n",array);
}

int main()
{
return_input();
return 0;
}

ဒီ Program နဲ့ ဘယ်လိုပြန်စမ်းမှာလဲ ? ဒီ program မှာ ကျနော်တို့ return_input ကို ပြန်သွားခိုင်းကြည့်မယ်။ ဆိုလိုတာကတော့ EIP မှာ return_input ကထွက်လာပြီးရင် return 0 ;  instruction ကိုသွားမယ့် EIP က RET မှာရှိတယ် ဒါကို ကျနော်တို့က return_input ရဲ့ address ကို ထည့်လိုက်နိုင်ရင် return_input function ၂ ခါအလုပ်လုပ်သွားမယ်။

ပထမဆုံး ဒီတိုင်းပဲစမ်းသွားမယ် ပြီးမှပြန်ရှင်းမယ်။ Overflow ရှိမရှိစမ်းလိုက်မယ်။

ဒါဆိုရင် ဘယ်နလုံမြောက်မှာ esp ကဆုံတာလဲ ebp ကရော eip ကို ဘယ်မှာ overwirte လုပ်တာလဲဆိုတာကိုသိဖို့ Metasploit က pattern tools ကို သုံးပြီး ကြည့်လိုက်ရအောင်

Reference 

pattern tools ကနေ Generate ပေးလိုက်တဲ့ pattern ကို ထည့်ကြည့်မယ် ဘယ်နေရာမှာရပ်သွားလဲသိအောင်ဆိုရင်တော့ gdb ကိုသုံးရမယ်

ဒီနေရာမှာရပ်သွားတာတဲ့ ဒါဆိုရင် ကျနော်တို့ offset ကိုပြန်တွက်မယ်

42 လို့ပြောတယ် ဟုတ်ပြီ ။ ခုချိန်မှာ ဘာတွေဘယ်လိုဖြစ်တယ်ဆိုတာကိုခဏထားထားမယ် ။

EIP မရောက်ခင် 42 လုံးရှိတယ်လို့သိလိုက်ရတယ် ။ ဒါဆိုရင် နောက် 4 bytes က EIP ပေါ့ control လုပ်လို့ရမရ BBBB လေးခုကို 4 bytes စာထည့်ကြည့်မယ်။

B ရဲ့ hex value 42 တွေရောက်နေတယ်ဆိုတော့ EIP ကို control လုပ်လို့ရပြီပေါ့ ။ ဟုတ်ပြီဗျာ ။ ဒါဆိုကျနော်တို့ return input ဆိုတဲ့ function ဆီကိုနောက်တစ်ခါပြန်သွားခိုင်းမယ်ဆိုရင်ရော

main မှာ သူ့ကိုခေါ်ထားတဲ့ address ကိုသိဖို့လိုတာပေါ့ ။ ပြန်ကြည့်မယ်

 

0x08048453 က return input ရဲ့ address ဆိုတာသိလိုက်ရပြီ။ ဒါဆိုရင် ဒီကိုသွားချင်တယ်ဆိုတော့ EIP မှာ ဒီ address ကိုထည့်ပေးရမှာဖြစ်တယ်။ ဒီမှာ တစ်ခုသိထားရမှာက Littile Endian ပါ

နည်းတဲ့ Significant ကို သေးတဲ့ address မှာထားတာကို Littile Endian လို့ခေါ်ပါတယ်။ Memory ပေါ်မှာတော့ Little Endian ကိုပဲသုံးပါတယ်။ ( REF )

အလွယ်ပြောရရင်တော့ ပြောင်းပြန်ပေါ့ 0x08048453 ကို Little Endian ပုံစံပြောင်းမယ် ဆိုရင် \x53\x84\x04\x08 ဆိုပြီး ရပါမယ်။ x တွေကတော့ Hexa ဖြစ်ကြောင်းပြောတာပါ။ ( အသေးစိတ်ကို shell coding မှာ သေချာလေ့လာပါမယ် )

ဒါဆိုရင် ခုန B တွေနေရာမှာ ခုရလာတဲ့ address လေးထည့်ကြည့်မယ်

ကျနော်တို့ ထည့်လိုက်တဲ့ input ကို ၂ ခါဖြစ်နေတာတွေ့ရပါလိမ့်မယ်။

ဒီနေရာမှာ နောက်ထပ်တစ်ခုနဲ့ လေ့ကျင့်တာဘာညာ မလုပ်ခင် နည်းနည်းရှင်းဖို့လိုပါတယ်။ ဒါကတော့ offset 42 ဖြစ်နေတဲ့ကိစ္စပါ။ ကျနော်တို့ ဒါကို pattern_tools သုံးမှသိတာလားလို့မေးစရာ၇ှိပါတယ်။

ကျနော်တို့ disassemble လုပ်ပြီးတော့လည်း ကြည့်လို့ရပါတယ်။

return input မှာ buffer ကရှိတာဆိုတော့ အဲဒါကိုကြည့်မယ်

lea -0x26(%ebp),%eax ဆိုတာကိုတွေ့မယ်ထင်ပါတယ်။ ဆိုလိုတာကတော့ esp ဟာ 0x26 – > 38 ရှိတယ်လို့သိရပါတယ်။ esp 38 လုံးပြီးတဲ့အခါမှာ ebp လာမှာဖြစ်ပါတယ်။ ဒီတော့ EIP မရောက်ခင် 42 လုံးရှိတယ်ဆိုတာ သိနိုင်ပါတယ်။ ref2 ref 1

esp  -> 38
ebp -> 4
eip  -> BBBB

ဒီလို lea 0x4(%esp),%ecx  ဆိုရင်တော့ 0x4 က esp value ပဲဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။

Shellcoding မလေ့လာခင်မှာ secret function ကိုပြန်ခေါ်တာလေးနဲ့လေ့ကျင့်ကြတာပေါ့။

Practice ကို ဒီက နေ ယူလိုက်မယ်

#include <stdio.h>

void secretFunction()
{
    printf("Congratulations!\n");
    printf("You have entered in the secret function!\n");
}

void echo()
{
    char buffer[20];

    printf("Enter some text:\n");
    scanf("%s", buffer);
    printf("You entered: %s\n", buffer);    
}

int main()
{
    echo();

    return 0;
}

run တာတွေတော့မပြောတော့ဘူးနော်

လုပ်ရမှာကတော့ ဘယ်တော့မှပြန်မခေါ်ထားတဲ့ secret function ကို သွားရမှာ

lea -0x1c တဲ့ တွက်မယ် ။

esp (28) + ebp (4) = 32

ဒါပြီးရင် eip လာမယ်ဟုတ်?

မှန်တယ် အပေါ်ကလုပ်တာတွေ ဒါဆို သွားမယ် secret function ကို

address ဘယ်လောက်လဲ ?

ဒါဆို သိပြီ Little Endian ပြောင်းပြီ သွားတာပေါ့

နောက်တစ်ခန်းမှာ Shell code generate လုပ်တာတွေ inject လုပ်တာတွေကို ဆက်ပြီးလေ့လာသွားမယ်။

 

 

8 Comments

  1. stack မှာ input data တွေဘယ်လို့ fill လုပ်သွားလဲ ၊ overflow ဖြစ်သွားပြီးတော့
    eip pointer ကို overwrite လုပ်သွားတယ် ဆိုတာ ကို ပုံလေးနဲ့ ပြပေးရင် ကောင်းမယ် အကို။

    https://upload.wikimedia.org/wikipedia/commons/9/93/Stack_Overflow_3.png

    https://upload.wikimedia.org/wikipedia/commons/c/c3/Stack_Overflow_4.png

    Thanks Bro.

    • ရှေ့ခန်းမှာ ပုံတင်မဟုတ်ဘူး gdb နဲ့ပါပြပြီးပြီလေ ညီလေး

    • haha မိုက်ရင် share ပေးပါ ဘရို ကျနော်လဲရေးအားရှိတာပေါ့ xD

Comments are closed.