0x03 – Understanding Memory Layout

Exploit Development ကို လေ့လာတဲ့အခါမှာ Stack Overflow တို့ Heap Overflow စသည့် အားနည်းချက်တို့က အဓိက အခန်းမှာပါဝင်နေတာတွေ့ရပါလိမ့်မယ်။ ဒီတော့ ကျနော်တို့ အနေနဲ့ Linux 32 ရဲ့ Memory အကြောင်းကို ပထမဆုံးနားလည်ထားတာက လေ့လာရာမှာ ပိုပြီးလွယ်ကူစေမှာဖြစ်ပါတယ်။ ဒါမှသာ အမှန်တကယ်လေ့လာတဲ့အခါကျရင် အဆင်ပြေမယ်လို့ ကျနော်စာမေးနေကျ အကိုတစ်ယောက်ကပြောပါတယ်။ ဒီတော့ လေ့လာကြတာပေါ့။  Reference Link ကိုတော့ အောက်ဆုံးမှာထည့်ပေးထားပါတယ်။

Memory Layout က ဘယ်လိုမျိုးရှိလဲ

User Stack
    |
    v
Memory Mapped Region for Shared Libraries or Anything Else
    ^
    |
Heap
Uninitialised Data (.bss)
Initialised Data (.data)
Program Text (.text)
0

Stack ကို Local Variables တွေအတွက်သုံးတယ်လို့ အရင် အခန်းတွေတုန်းကကျနော်ပြောခဲ့ပါတယ်။ heap ကို တော့ Stack မှာ ထည့်လို့အဆင်မပြေတဲ့ အရာတွေ သို့မဟုတ် size ကို ကြိုတင်ခန့်မှန်းလို့မရတဲ့နေရာတွေမှာသုံးတယ်လို့ သိရပါတယ်။ .bss တို့ .data တို့ .text တို့ကိုတော့ အရှေ့ခန်းတွေမှာ သေချာပြောပြပြီးပြီဖြစ်ပါတယ်။

ဒါပေမဲ့ Tool တွေ ကြောင့်ရလာတဲ့ result အရ lower address ကို အပေါ်မှာထားတာကြောင့် Layout ကို အောက်ကလိုမျိုး ထားလိုက်ရင် မျက်လုံးထဲပိုပြီး မြင်ပါလိမ့်မယ်

-Lower Address
0
Program Text (.text)
Initialised Data (.data)
Uninitialised Data (.bss)
Heap
    |
    v
Memory Mapped Region for Shared Libraries or Anything Else
    ^
    |
User Stack
-Higher Address

ဒီလိုဆို C program ကနေပဲ memory မှာ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကိုလေ့လာကြာတပေါ့။

Global Variables တွေဟာ .data နဲ့ .bss ကို သွားတယ်ဆိုတာတော့သိပြီးသားဖြစ်လို့ မပြောတော့ပါဘူး ။

Stack နဲ့ Heap ကိုပဲနားလည်အောင် လေ့လာကြမယ်။

Stack

Stack မှာ function တွေနဲ့ local variables တွေကိုသိမ်းတယ်လို့သိထားတယ်။ ဟုတ်ပြီ ဘယ်လိုမျိုးသုံးတာလဲ?

int main() 
{
int a=10;
}

ရိုးရိုးလေးပဲရေးလိုက်မယ်။ stack မှာ သွားသိမ်းတယ်ဆိုတဲ့ function ရယ် local variable ပဲပါတယ်။ ဒီလိုဆို compile လုပ်ပြီး disassemble လုပ်ကြည့်ရအောင်။

function တစ်ခုစတိုင်းမှာ အပေါ်က instructions ၃ ကြောင်းကအမြဲတမ်းအလုပ်လုပ်တာတွေကရလိမ့်မယ်။ function ကို stack မှာသိမ်းတယ်လို့ပြောခဲ့တယ်နော်။ အဲဒီတော့ function တစ်ခုစလိုက်ပြီးဆိုတာနဲ့ push ebp ဆိုတဲ့ instruction နဲ့ stack မှာ ebp ကို ထားလိုက်တယ်။ စစချင်းမှာ ebp ထဲမှာ 0x0 ပဲရှိနေလိမ့်မယ်။ esp ကိုတော့ value ၁၀၀ လို့ကျနော်တို့ အလွယ်မှတ်ထားလိုက်မယ်။

$ebp = 0x0
$esp =  0x100

push ebp ဆိုတော့ 0x0 ကို stack ထဲသွားထည့်လိုက်မယ်။

Stack 
esp = 0x100
ebp = 0x0

mov esp,ebp ဆိုတဲ့ instruction ကိုရောက်တော့ esp value ကို ebp ထဲကိုသွားထည့်လိုက်တယ်။ ဒီတော့ stack မှာ

Stack 
esp=0x100
ebp=0x100

နောက်တော့ ဘာလုပ်လဲဆိုတော့ sub 0x10,esp တဲ့ ဆိုလိုတာက esp ကို 0x10=16(dec) နှုတ်ပြီးရင် esp ထဲပြန်ထည့်ခဲ့မယ်တဲ့ ဒီတော့

Stack 
esp = 0x84
ebp = 0x100

ဒါဆိုရင် esp နဲ့ ebp ကြားမှာ 16 bytes စာနေရာရှိတယ်လို့သိရတယ်။ နောက်တစ်ခုက ebp ပြီးလျှင် RET ရှိတယ်လို့သိထားရမယ်။ ဒီ function ကိုလုပ်ပြီးရင် နောက်ထပ်ဆက်လုပ်မယ် EIP (next instruction pointer) ကို သိမ်းထားတာဖြစ်တယ်။ ဒါကိုတော့ နောက်တစ်ခန်း မှာ သေချာလေးရေးပေးမယ်။ နောက် instruction တစ်ခုကိုဆက်ကြည့်မယ်။ movl 0xa,-0x4($ebp)  လို့ဆိုတယ်။ ဘာလုပ်မှာလဲဆိုရင် ebp-4 နေရာမှာ 0xa=10(dec) ကိုသွားထည့်မယ်လို့ပြောတယ်။ ဟုတ်တယ်လေ ကျနော်တို့ int a ကို 10 ထည့်ခဲ့တာကိုး။ ဒီတော့

Stack 
esp = 0x84
ebp -4 (0x96) -> 0xa
ebp = 0x100

ဒီလိုဆို local variable တွေ function တွေ stack မှာ ဘယ်လိုထားတယ်ဆိုတာကိုနားလည်ပြီလို့ထင်ပါတယ်။ ခုနရေးထားတဲ့ program ကို ပြန်ကြည့်မယ်။ ခုက မျက်စိထဲမြင်အောင် တမင် ၁၀၀ လို့သတ်မှတ်ပြီးစဉ်းစားတာဖြစ်တယ်။

gdb ကိုသုံးပြီးတော့ ကျနော်တို့ ကြည့်လို့ရပါတယ်။

gdb -q stack_test

ပြီးရင် run command နဲ့ run လိုက်မယ်။  program မထွက်သွားဖို့အတွက် ကျနော် leave ဆိုတဲ့ instruction မှာ break ခဏလုပ်တယ်။ မဟုတ်ရင်ထွက်သွားရင် stack ထဲမှာ ဘာမှရှိတော့မှာ မဟုတ်လို့ပါ။

break *0x080483ed

run မယ်

instruction တစ်ခုချင်းအလုပ်လုပ်သွားချင်ရင် stepi ကိုသုံးလို့ရတယ် ni = next instruction ကိုလဲသုံးလို့ရတယ်။ ပြီးရင် တစ်ခုလုပ်ပြီးတိုင်း registers ကို ပြန်ကြည့်ဖို့အတွက် i r (info registers) ကိုသုံးလို့ရတယ်။ ဒီတော့ sub 0x10,$esp မှာ ဘာဖြစ်သွားလဲကြည့်ကြည့်မယ်။

10 ထည့်တော့ရော

esp နဲ့ ebp ကြားမှာ ၁၆ bytes ရှိတယ် ebp-4 နေရာမှာ 0xa ကိုသွားထည့်တယ်ဆိုတာ ကျနော်တို့တွေ့ရမှာဖြစ်ပါတယ်။ ဒီလောက်ဆို stack ရဲ့ အလုပ်လုပ်ပုံကို နားလည်ပြီလို့ ယူဆပါတယ်။ စမ်းစေချင်ပါတယ်။ ကျနော်လဲ ဖတ်လိုက်စမ်းလိုက်နဲ့ပါပဲ ။ example ကြည့်လိုက် ကိုယ့်ဘာကိုရေးပြီး ပြန်ကြည့်လိုက်လုပ်ပါတယ်။ လုပ်ကြည့်စေချင်ပါတယ်။

Heap

Heap ကျတော့ stack လိုမဟုတ်တော့ဘူး heap ကို သုံးတယ်ဆိုတာကိုက stack မှာ ရှိတာထက်များတယ်ဆိုရင် heap ကို သုံးတာဖြစ်တယ်။ dynamic memory ဖြစ်တာကြောင့် stack မှာ သိမ်းလို့မဆန့်တဲ့ဟာတွေအတွက် heap ကို သုံးတယ်လို့သိရပါတယ်။ ဒီတော့ heap ကိုရော ဘယ်လိုအလုပ်လုပ်သလဲ ဆိုတာ သိအောင် လေ့လာကြည့်ကြမယ်။

Heap
dynamic memories

Example လေးနဲ့ပဲ လေ့လာတာပေါ့။

int main() 
{
int a=10;
int *p;
p=(int*)malloc(sizeof(int));
*p=10;
}

int *p ဆိုပြီး ကျနော်တို့ pointer အမျိုးအစားတစ်ခုကြေညာလိုက်တယ် ဘာလို့လဲဆိုရင် int a=10 လိုမျိုးကြေညာလိုက်မယ်ဆိုရင် stack ထဲမှာပဲသိမ်းမှာလေ။ ခုက heap မှာသိမ်းချင်တာဖြစ်တယ် ။ heap ကို သုံးမယ်ဆိုတော့ malloc() function လိုလာတယ် malloc() က heap မှာ memory allocation လုပ်ပေးတယ် ၊ argument အနေနဲ့ size ဘယ်လောက်ဆိုတာတော့လိုတယ်။ ခုက sizeof(int) လို့ပြောထားတော့ integer တစ်လုံးစာပဲပေါ့။ မသိရင်ထုတ်ကြည့်လိုက် 4 ရမယ်။ ဒီလိုလုပ်လိုက်ပြီဆိုတာနဲ့ heap မှာ 4 bytes အနေနဲ့ allocate လုပ်တယ်။ pointer ကတော့ stack မှာပဲပေါ့ ။ ဒီတော့ မျက်လုံးထဲမြင်အောင်ပြောမယ်ဆိုရင်

-Stack            -Heap
main()             [allocation for p] 4 bytes
a=10
p

ဒီလိုဆို *p=10 ဆိုတော့ heap ထဲမှာ 10 ကိုသွားသိမ်းတယ် p က အစတည်းက heap ထဲက address ကို point လုပ်ပြီးသားလေ။ ဘယ်လိုဖြစ်သွားမလဲ

-Stack            -Heap
main()             [allocation for p] 4 bytes = 10
a=10
p

heap ကိုကြည့်ဖို့အတွက် example program လေးနဲ့ပဲစမ်းကြည့်တာပေါ့။ ဒါပေမဲ့ program ကို ခဏတန့်ထားဖို့လိုပါတယ် ။ မဟုတ်ရင် exit ဖြစ်ဖြစ်သွားမှာမဟုတ်လား။ ဒါကြောင့် user input စောင့်နေအောင် getchar(); လေးနောက်ဆုံးမှာ ထည့်လိုက်မယ်။

int main() 
{
int a=10;
int *p;
p=(int*)malloc(sizeof(int));
*p=10;
getchar();
}

ဒီလိုဆို input ကိုစောင့်နေတုန်း memory ကိုကြည့်လို့ရတာပေါ့။

./heap_test ကို run လိုက်မယ် ပြီးရင် heap_test run နေတဲ့ process id ကိုကြည့်ချင်တော့ ps -aux | grep heap_test ဆိုပြီး ရွေးကြည့်လိုက်မယ်။

process id သိပြီဆိုရင်တော့ ဒီ process က run နေတဲ့ memory ကိုကျနော်တို့ကြည့်လို့ရပါတယ်။

strace နဲ့ system call တွေကိုကြည့်မယ်ဆိုရင်တော့ 4 bytes နေနရာယူသွားတာကအစမြင်ရမှာဖြစ်ပါတယ်။ malloc() function ကို သုံးတာနဲက mmap() နဲ့ brk() system call တွေကို ခေါ်သုံးတာဖြစ်တဲ့အတွက်ကြောင့် mmap မှာ ကျနော်တို့ကြည့်လို့ရပါတယ်။ Ref 

strace ./heap_test

ဒီလောက်ဆို memory layout ကို နားလည်ပြီလို့ ယူဆလိုက်ပါတယ်။ နောက်ပိုင်းအခန်းတွေလေ့လာရင်း ပိုနားလည်လာလိမ့်မယ်လို့တော့ ကျနော်ထင်ပါတယ်။ အများကြီးလုပ်ရဦးမှာဆိုတော့လေ

Reference

https://gist.github.com/CMCDragonkai/10ab53654b2aa6ce55c11cfc5b2432a4
Google
tutorial point