0x02 – Writing Assembly Programs

Assembly Program မရေးခင်မှာ ကျနော်တို့အနေနဲ့သိထားရမှာလေးတွေရှိတယ် Assembly Program တစ်ခုမှာဘာတွေပါဝင်လဲ ဘယ်လိုတွေအလုပ်လုပ်သလဲ စသည်ဖြင့်သိထားဖို့လိုပါတယ်။  ဒါကြောင့် ကျနော် အဆင်ပြေတဲ့နေရာကနေ ကောက်နှုတ်ဖော်ပြထားပါတယ်။ ဘယ်ကနေလေ့လာပြီးဖော်ပြထားတယ်ဆိုတာလဲ အောက်နားလေးမှာထည့်ပေးထားပါမယ်။

ပထမဆုံးအနေနဲ့ Compilation & Linking ပုံစံလေးသိထားအောင်အရင်လေ့လာမယ်

[ hello.c + stdio.h ] -> preprocessing -> preprocessed (hello.i) -> GCC (compilation) -> hello.s  -> Assembly (as -o hello.o hello.s ) -> Linking [Object File (hello.o) + static library (libc.a) -> a.out

Header file နဲ့ C file နဲ့ ပေါင်းပြီး hello.i ဆိုတာလေးထွက်လာတယ် ဒါကို compile လုပ်တဲ့အခါ assembly file hello.s ထွက်လာတယ် ဒါကိုမှ assembler နဲက assemble လုပ်တော့မှ Object file ထွက်လာတယ် Object file ကို library တွေနဲ့ Link လုပ်ပေးရတယ် ။ ဒီတော့မှာ နောက်ဆုံး Executable File ထွက်လာတာဖြစ်တယ်။

ဒီလိုဆိုရင် executable file က ဘာ file လဲ

~file hello

ဘာတွေလာပြထားတာလဲ ? hello ဆိုတာက file name ပါ ပြီးရင် file အမျိုးအစား ELF 32 bit LSB executable , CPU အမျိုးစား ၊ Dynamic Linking ၊ Kernel , BuildID , strip or not stripped (wiki) စသဖြင့် သိနိင်တယ်။

Linking & Relocation

a.c + headers.h -> a.i -> a.s -> a.o ->
                                       ->ld (a.o & b.o & libc ) ->a.out
b.c + headers.h -> b.i -> b.s -> b.o ->

Relocation ကရောဘယ်လိုလုပ်တာလဲ

C7 05 00 00 00 00 2a 00 00 00 [target address] -> C7 05 00 12 34 56 2a 00 00 00 [Relocation Entry]

Assembly Section

unintialized global variables - > .bss section
initialized global variables -> .data section
local variables -> stack
code -> .text section

section တွေကြည့်ချင်ရင် objdump -h helloworld.o

ဒါဆို စမ်းရေးကြည့်မယ်အရင်ဆုံး ပြီးမှပြန်ကြည့်တာပေါ့ ခုက c file ကို compile လုပ်ထားတာဆိုတော့ object file က ပြရတာခက်နေတယ် ဒါကြောင့် assembly ကိုစရေးကြည့်တာပေါ့

Understanding the system calls

exit(0)

exit လုပ်တဲ့ဟာဆိုပါစို့ assembly မှာ system call ကို eax မှာထည့်တယ် arguments တွေကိုတော့ ebx,ecx,edx စတာတွေမှာထည့်တယ်။ ဥပမာ

systemcall(first arg ,second arg,third arg) -> eax ( ebx , ecx ,edx )

exit program ဆိုပါစို့  exit အတွက် system call က 1 ဖြစ်တယ် ( system call ref )

eax=1

exit(0) ဆိုတော့ first argument ဖြစ်တဲ့ ebx မှာ 0 ထည့်ရမယ်

ebx=0

ပြီးရင် system call ကိုအလုပ်လုပ်ဖို့အတွက် interrupt လိုတယ် ဒါကတော့ int 0x80 ဖြစ်တယ်။

ဒီတော့ exit program လေးရေးကြည့်မယ်ဆိုပါစို့ assembly မှာ .text section ထဲမှာ code ကိုရေးတယ်ပြောထားပါတယ်။ ဒါကြောင့် .text ထဲမှာရေးမယ် ။

.text

.globl _start

_start:
        movl $1,%eax
        movl $0,%ebx
        int $0x80


New line ဆင်းထားတယ်နော် မဟုတ်ရင် assemble လုပ်တဲ့အခါ warning message ပေါ်နေလိမ့်မယ်။ မထည့်ပဲစမ်းကြည့်။

assemble လုပ်မယ်

as -o exit.o exit.s

link လုပ်မယ်

ld -o exit exit.o

hellowold program တစ်ခုရေးကြည့်မယ် ဒီလိုဆိုရင် exit ကအရမ်းလွယ်လွန်းနေတယ် ဘာ data မှကိုမပါဘူးဖြစ်နေတယ်။

Hello world ကိုရေးဖို့အတွက် ဘာတွေလိုလဲ?

initiated global variable တစ်ခုထည့်မယ် Helloworld string ကိုထည့်ထားဖို့အတွက်ဖြစ်ပါတယ်။

ပြီးရင် output ပြဖို့ system call တစ်ခုလိုမယ် write ကိုသုံးရမယ် printf မရှိဘူး ဒီမှာ

ပြီးရင် exit လုပ်မယ်

initialized global variable ဆိုရင် .data section ပါလာပြီ ရေးကြည့်တာပေါ့။

.data 
#initialized global variable တစ်ခုကြေညာခြင်း
HelloworldString: 
           ascii "Hello World\n"

.text

.globl _start

start:
       #write(fd=1->standard output,constant char user buf,size)
       movl $4,%eax
       movl $1,%ebx
       movl $HelloworldString,%ecx
       movl $12,%edx
       int $0x80

       #exit 
       movl $1,%eax
       movl $0,%eax
       int $0x80


assembly နဲ့ပတ်သတ်ပြီး စမ်းစရာတွေအများကြီးကျန်ပါသေးတယ် ကျနော်ကတော့ အကုန်စမ်းမပြတော့ပါဘူး

Data Types တွေ move လုပ်တာတွေအများကြီးကျန်ပါသေးတယ်။

Assembly for Hacker Linux Megaprimer ဆိုတာကို ကြည့်စေချင်ပါတယ် Vivek ကရှင်းတာတကယ်ကောင်းပါတယ် Free Course ဖြစ်တော့ Down ကြည့်စေချင်ပါတယ်။

Data Section ကို ကြည့်ချင်ရင်

နောက်တစ်ခန်းရောက်မှ Memory အကြောင်းဆက်ဆွေးနွေးမယ်

ဒီထက်ပိုပြီး အသေးစိတ်သိချင်ရင်တော့ ကျနော်ဖတ်ခဲ့တဲ့ Slide လေး လမ်းညွှန်ပေးပါမယ်။ slide ဆိုပေမဲ့ ရှင်းပြထားတာမပါတော့ နည်းနည်းတော့ စိတ်ရှည်ရှည်လေး လေ့လာစေချင်ပါတယ်။ အဲ့ Slide နဲ့ ဘယ်မှာပြောခဲ့တယ်ဆိုတာလဲ မသိတော့ ပြောတာတော့ မသိရပါဘူး ဒါပေမဲ့ တော်တော်ကောင်းပါတယ်။ ပြောခဲ့တာလဲ နားလည်ချင်မှလည်မှ Taiwan ကဆိုတော့ တရုတ်လိုပြောရင် ကျနော်တော့နားမလည်ဘူး ။

https://www.slideshare.net/jserv/helloworld-internals